27 C
Yangon

ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး စွန့်ခွာထွက်ပြေးသွား၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကန်ပက်လက်မြို့ကို ပြည်သူများနှင့် တော်လှန်ရေးတပ်များက ထိန်းချုပ်သိမ်းပိုက်

Must read

ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး စွန့်ခွာထွက်ပြေးသွား၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကန်ပက်လက်မြို့ကို ပြည်သူများနှင့် တော်လှန်ရေးတပ်များက ထိန်းချုပ်သိမ်းပိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့်ရဲများအားလုံး ယမန်နေ့ည ၁၂ နာရီ မြို့မှ စွန့်ခွာသွား၍ ကန်ပက်လက်မြို့ကို ပြည်သူများနှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း CDF ကန်ပက်လက် သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၁၂ နာရီအချိန် ကန်ပက်လက်မြို့မှ စစ်သားနှင့် ရဲများအားလုံးက ကန်ပက်လက်မြို့မှ စတင်ဆုတ်ခွာသွားကြောင်း၊ မြို့ပေါ်ရှိ တပ်စခန်းများ အားလုံးမှ ဆုတ်ခွာသွားခြင်းဖြစ်ပြီး ကန်ပက်လက်မြို့တွင် မည်သည့် စစ်ကောင်စီတပ်မှ မကျန်ရှိတော့ကြောင်း သိရှိရသည်။

“စစ်သားနဲ့ရဲတွေအားလုံး ကန်ပက်လက်က စွန့်ခွာ ဆုတ်ခွာသွားတာ။ အဲဒါကြောင့် မနက်ပိုင်းမှာ ကန်ပက်လက်မှာ ဘယ်စစ်တပ်မှ မရှိတော့ဘူး။ အခုတော့ ချင်းညီနောင်တပ်ဖွဲ့တွေအားလုံး နေရာဝင်ယူထားလိုက်ပြီ။ တိုက်ပွဲလည်း မဖြစ်ဘူး။ သေနတ်သံလည်းမကြားရဘဲ ကန်ပက်လက်မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်တွေက သိမ်းလိုက်တာ” ဟု ကန်ပက်လက်မြို့အခြေစိုက် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိကန်ပက်လက်မြို့တစ်ခုလုံးတွင် ချင်းညီနောင် တပ်ဖွဲ့များသာ စိုးမိုးထားပြီး စစ်ကောင်စီတပ်စခန်းများကို နယ်မြေရှင်းလင်းရေးလုပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article