31 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကန်ပက်လက်မှာ တပ်စွဲထားတဲ့ စစ်သားနဲ့ရဲတွေအားလုံး မြို့ကနေ စွန့်ခွာသွားတာကြောင့် ကန်ပက်လက်မြို့ကို ပြည်သူတွေနဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ CDF ကန်ပက်လက်သတင်းရင်းမြစ်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က အပြီးသတ်သိမ်းပိုက်နိုင်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတဒူဝါလရှီးလက ဂုဏ်ယူဝမ်းမြောက်ပြီး စစ်အာဏာရှင်ရဲ့ အဆုံးသတ်နေဝင်ချိန် ရောက်ရှိတော့မှာကို ပြသနေကာ စစ်အုပ်စုအဆုံးသတ်ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ AA ဆီကို သဝဏ်လွှာပေးပို့ သန္နိဋ္ဌာန်ပြုလိုက်ပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်-တပခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၄ ဦးအပါအဝင် တပ်သား ၁၂ ဦးသေဆုံးပြီး စစ်ဦးစီးဌာန စစ်ဆင်ရေးရုံးခန်း၊ စခန်းရုံး၊ အရာရှိလိုင်းခန်းနဲ့ ကား ၃ စီး မီးလောင်ပျက်စီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article