21 C
Yangon

စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ် ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မြောင်းခြားရွာဘက်သို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်က အင်အား ၃၀ ကျော်ဖြင့် စလင်းမြို့နယ်၊ မြောင်းခြားရွာ ဘက်သို့ တောင်ခြေမှ ခြေလျင်ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ကျော်ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးပြီး ဗိုလ် ၁ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ကူယူကာ ပြန်လည်ဆုတ်ခွာသွားပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များ အသင့်ထောင်ထားသော မိုင်းများထပ်မံနင်းမိကာ ပေါက်ကွဲခဲ့ပြီး အကြမ်း ဖက်စစ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၆ ယောက်သေပြီး ၇ ယောက်ထက်မနည်းဒဏ်ရာရတယ်လို့ မြေပြင်သတင်းတွေဆီကနေ သိရပါ တယ်၊ စခတွေက ဆည်ကန်ရွာဘက်မှာ အခုထိရှိနေသေးတယ်၊ ပြည်သူတစ်ချို့ ဖမ်းဆီးထားတာ တွေရှိတယ်။ အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် ကလေး ၂ ယောက်၊ အခုတော့ ကလေးတွေဖြစ်နေလို့ ပြန်လွှတ်ပေးလိုက်ပြီလို့ သတင်းရတယ်။ လူကြီးတွေဆိုရင်တော့ သတ်လောက်တယ်။ မိဘပြည်သူ တွေမျှော်လင့်ထားသလို ရလတ်ကောင်းတွေရအောင် ကျနော်တို့ အကောင်းဆုံးကြိုးစားနေပါတယ်။ အခုဆိုရင် မြို့နားအထိ ကပ်လာနိုင်ပြီဖြစ်ပါတယ်” ဟု မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းမှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက် နိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article