30 C
Yangon

ပလိပ်မြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ ရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း People’s Army to Fight Dictatorship တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ ရဲစခန်းကို အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့ တပ်ဖွဲ့ (PAFD) က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ရဲစခန်း အဆောက်အဦးများ ထိခိုက် ပြိုကျမှု ရှိပြီး အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

“အခု တိုက်ခိုက်မှုမှာ ရဲစခန်း အဆောက်အဦးတွေ ထိခိုက် ပြိုကျမှုရှိတယ်။ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု အခြေအနေ အသေးစိတ်ကို ကျန်တော်တို့ ဆက်လက် စုံစမ်းနေပါတယ်” ဟု People’s Army to Fight Dictatorship တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်ရခြင်းသည် ပြည်သူများကို ပလိပ်ရဲစခန်းမှ နည်းမျိုးစုံနှင့် ဒုက္ခပေးနေသည့် အတွက် အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့ တပ်ဖွဲ့ (PAFD) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article