21.1 C
Yangon

နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာလ ၂၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နှင့် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် နွားထိုးကြီးမြို့နယ် မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ဒေါင့်ဘိုးရွာမှ ပြည်သူ တစ်ဦး သေဆုံးခဲ့ပြီး ဒေါင့်ဘိုးရွာကို စစ်တပ်က ၂ ရက်ဆက် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မြိုင်သာကျေးရွာကိုလည်း အကြမ်းစစ်တပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဒေါင့်ဘိုးရွာကို မနေ့ကလည်း ဗုံးကျဲပါတယ်။ ပြည်သူ တစ်ဦးသေဆုံးပါတယ်။ ဒီနေ့လည်း စောစောကပဲ ဒေါင့်ဘိုးကို ထပ်ကျဲသွားပါတယ်။ ဒီနေ့ ကျဲတာတော့ အထိအခိုက်တော့ မသိရသေးပါဘူး” ဟု မြင်းခြံခရိုင် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း၌ Natogyi People Defense Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၃၁၈ တွင် ပြည်သူများကို တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်၍ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မလိုအပ်ဘဲ ခရီး မသွားကြရန်၊ ည အချိန်မတော် မထွက်ကြရန်၊ တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ရှေ့ဆက်တိုး၍ ကား မမောင်းဘဲ နီးစပ်ရာ လုံခြုံသော နေရာများတွင် နေထိုင်ကြရန် အသိပေးမှုများ လုပ်ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article