ရန်ကုန်၊ ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့ပေါ်တွင် ကင်းပတ် ထွက်လာသော အကြမ်းဖက်စစ် ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုများ ရှိနိုင်ကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၆ နာရီ ၄၈ မိနစ်အချိန် ချောင်းဦးမြို့မ ရဲစခန်းအတွင်းမှ ချောင်း ဦး မြို့တွင်းသို့ ကင်းပတ်ထွက်လာသော အကြမ်းဖက်စစ်သား ၁၀ ဦးကို ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့မှ မြို့တွင်းတနေရာ၌ ည ၈ နာရီ မိနစ် ၅၀ အချိန်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး လဲကျနေရာမှာ အော်ဟစ် ညည်းညူနေခဲ့ ကြောင်း သိရသည်။
“ပုံမှန်ကင်းပတ်နေကြ စခတွေကို ချောင်းဦးတွင်းတနေရာမှာ မိုင်းဆွဲတယ်၊ မိုင်းဆွဲတော့ ၁၀ ယောက် ထဲ ၈ ယောက်ထိတာ၊ အများစုကသေနိုင်တယ်၊ စခန်းထဲကနေ ထွက်လာပြီး လာသယ်သွားတယ်။ သေဆုံးတဲ့သတင်း တိတိပြောမရဘူး။ မှတ်တမ်း Video လည်းရထားတယ်။ မိုင်းဆွဲခဲ့တဲ့ရဲဘော် ပြော ပြတာကတော့ ၁၀ ယောက်ထဲက ၂ ယောက်ပဲ ပြန်ထနိုင်တယ်။ ၈ ယောက်ကလုံးလုံးမထနိုင်ဘူး။ အော်ဟစ်နေကြတာ။ အသေးစိတ်နောက်ဆက်တွဲသတင်းတော့ ပြန်ထုတ်ပြန်ပေးပါ့မယ်။” ချောင်းဦး မြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ယနေ့ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၅၈ မိနစ်အချိန်က မုံရွာမြို့နယ်၊ မုံရွာ-မန္တလေး လမ်းမပေါ် မုံရွေးတိုးဂိတ်အနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သား ၂ ဦးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF အနေဖြင့် ပြည်သူများနှင့် တပ်ဖွဲ့ဝင် ရဲဘော် များ ထိခိုက်မှု နည်းသည့် နည်းလမ်းကို အတတ်နိုင်ဆုံး ချိန်ဆ၍ စစ်ရေးဖော်ဆောင်လေ့ရှိပြီး ယခု စစ်ရေး ဖော်ဆောင်မှု ၂ ခုလုံး မှတ် တမ်း ဗွီဒီယိုရရှိထားရာ မှတ်တမ်းနှင့် နောက်ဆက်တွဲ သတင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းအသိပေးထားသည်။
ဓာတ်ပုံ – မိုင်းဆွဲခံထားရသော စစ်ကောင်စီ၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar