29 C
Yangon

တောင်သာ၊ ဇရပ်ကြီးရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

တောင်သာ၊ ဇရပ်ကြီးရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထပ်မံပြီး လေယာဉ်ဖြင့် ဇရပ်ကြီးရွာ စာသင်ကျောင်းကို လေထီး အင်ဂျင်တပ် ထားသော ဗုံးသီးများဖြင့် ထပ်မံ ကျဲချ တိုက်ခိုက်ရာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ထပ်မံ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ကျေးရွာစာသင်ကျောင်း အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မွန်းလွဲ ၁၂ နာရီခန့်က ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်လာ ပစ်သွားတယ်။ ၂ နာရီခန့်မှာတော့ လေထီးအင်ဂျင်တပ်ဗုံးသီး ၂ လုံး ထပ်မံကျဲချသွားတယ်။ ပထမ အကြိမ် လေယာဉ်ဗုံးသီးကြောင့် ပြည်သူ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ လေထီးနဲ့ တစ်ကြိမ် ထပ်မံ ဗုံးသီးကျဲချတဲ့တာလည်း ပြည်သူ အမျိူသမီးငယ် ၁ ဦး ဒဏ်ရာရတယ်။ ၂ ဦးလုံး မစိုးရိမ်ရပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article