29 C
Yangon

နတ်မောက်တွင် စစ်တပ်က အသက် ၆၀ အရွယ် ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် မိုင်းထောင်ထားခဲ့၍ အလောင်းမကောက်နိုင်သေး

Must read

နတ်မောက်တွင် စစ်တပ်က အသက် ၆၀ အရွယ် ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် မိုင်းထောင်ထားခဲ့၍ အလောင်းမကောက်နိုင်သေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အသက် ၆၀ အရွယ် ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် မိုင်းထောင်ထားခဲ့၍ အလောင်းမကောက်နိုင်သေး ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ ဥယျာဥ်ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့် အကွာတွင် ဆိတ်ကြောင်း နေသော ရုံးပင်ကွက်ကျေးရွာမှ အသက် ၆၀ အရွယ် ဦးမောင်ဆန်း အသက် ၆၀ ခန့်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တောထဲတွင် အကြောင်းမဲ့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သတ်ဖြတ်ပြီးနောက် သေဆုံးသူ၏ ရုပ်အလောင်းပေါ်တွင် ဘထ္ထရီ ၀ါယာကြိုးများဖြင့် မိုင်းဆင်ထားခဲ့ခြင်းကြောင့် ပြည်သူများ လက်ရှိချိန်ထိ အလောင်းလာကောက် နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများ ဆက်လက် စစ်ကြောင်းထိုးပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ရုပ်အလောင်းက အခုထိ မကောက်နိုင်သေးဘူး အကို စစ်ခွေးတွေက အလောင်းမှာ မိုင်းတွေဆင်ထားခဲ့တယ်။ ဥယျာဥ်ကျေးရွာ အနီးက တော်စပ်မှာ ဆိတ်ကြောင်းနေသော ရုံးပင်ကွက်ကျေးရွာသား ဦးမောင်ဆန်းကို အကြောင်းမဲ့ သက်ဖြတ်ပြီး ခန္ဓာကိုယ်ပေါ်မှာ ဘထ္ထရီ ၀ါယာကြိုးတွေနဲ့ မိုင်းဆင်ထားတာ ရုပ်အလောင်းနားကိုလည်း ဘယ်သူမှ မကပ်ရဲသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article