33 C
Yangon

စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးကာ စစ်ထဲဆွဲသွင်းနေသဖြင့် ပလက်၀မှ လူငယ်၊ လူရွယ်များ ပြည်မဘက်သို့ မသွားကြရန် ပလက်ဝကောင်စီက သတိပေး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

အကြမ်းဖက်စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီး၍ စစ်တပ်အတွင်းသို့ ဆွဲသွင်းနေ သဖြင့် ပလက်၀ဒေသမှ လူငယ်၊ လူရွယ်များ ပြည်မဘက်သို့ ထွက်ခွာခြင်းမပြုကြရန် ပလက်ဝကောင်စီက ဒီဇင်ဘာလ ၂၅ ရက်နေ့ ညပိုင်း သတင်း ထုတ်ပြန်သတိပေးသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီက ပြည်သူ့စစ်ဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း နိုင်ငံ တစ်ဝန်း ပြည်မဒေသအသီးသီးတွင် လူငယ်လူရွယ်များအား ဖမ်းဆီးမှုများစွာ ဆောင်ရွက်နေသော ကြောင့် ပလက်ဝဒေသမှ လူငယ်လူရွယ်များ ပြည်မဘက်သို့ မထွက်ခွာရန် ချင်းနယ်မြေကာကွယ်ရေး တပ်ဖွဲ့- ပလက်ဝ (CDF-Paletwa) အနေဖြင့် နိုဝင်ဘာလကတည်းက တားဆီးပေးခြင်း၊ ခေတ္တထိန်းသိမ်း ထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ခေတ္တထိန်းသိမ်ခြင်းခံရသည့် လူငယ်လူရွယ် ၁၉ ဦးကိုလည်း မလိုလားအပ်သော အခက် အခဲဒုက္ခများ မကြုံတွေ့စေရေးအတွက် မိမိရပ်ရွာတွင်သာ အတတ်နိုင်ဆုံးနေထိုင်ကြရန် ပြောဆို တိုက်တွန်းကာ ဒီဇင်ဘာလ ၂၂ ရက်နေ့က မိမိတို့နေရပ်အိမ်သို့ ကောင်းမွန်စွာ စေလွှတ်ပေးပြီး ဖြစ် ကြောင်း သိရသည်။

ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝ (Chinland Defense Force-Paletwa) က အာဏာ ရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြင့် နိုင်ငံတော်သစ် ပေါ်ပေါက်လာရေးအတွက် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့ထိတိုင် ပြည်သူ လူထု နှင့်အတူ စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – မန္တလေးတွင် ဖမ်းဆီးခံထားရသော လူငယ်လူရွယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မန္တလေးတွင် ဖမ်းဆီးခံထားရသော လူငယ်လူရွယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article