26 C
Yangon

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၅ လုံးပြာကျပြီး ပြည်သူ ၂ ဦး ဖမ်းဆီးရိုက်နှက်ကာ ၁ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား

Must read

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၅ လုံးပြာကျပြီး ပြည်သူ ၂ ဦး ဖမ်းဆီးရိုက်နှက်ကာ ၁ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၅ လုံးပြာကျပြီး ပြည်သူ ၂ ဦး ဖမ်းဆီးရိုက်နှက်ကာ ၁ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း အညာမြေ တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဝက်ပုတ်ရွာကို စစ်ကြောင်းထိုး စီးနင်းခဲ့သော မြိုင်မြို့နယ် (ကပစ) စက်မှု ၂ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၅ လုံးနှင့် ဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဆိုင်ကယ် ၂ စီးကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့ပြီး ၁ ဦးကို ပြန်လွှတ်ပေးသော်လည်း ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

မြိုင်မြို့နယ်တွင် ပျူစောထီး ကျေးရွာ ၅ ရွာရှိပြီး တော်လှန်ရေး တပ်ဖွဲ့များက ဩဂုတ်လ ၈ ရက်နေ့တွင် ဝက်ပုတ်ပျူစောထီးရွာနှင့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် သရက်ကွပျူစောထီးရွာတို့ကို အ‌ညာ‌မြေတပ်ပေါင်းစုနှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဝက်ပုတ်ပျူစောထီးကျေးရွာကို စီးနင်းခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ် (ကပစ) စက်မှု ၂ ကို ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေး တပ်ဖွဲ့များက အပြည့်အဝ ထိန်းချုက်ထားကာ နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article