27 C
Yangon

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်

Must read

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဉ် ၅ မြို့နယ် အဆင့် တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲကို ၄၅ ရက်ကြာပြုလုပ်ခဲ့ပြီး ပကဖ တာဝန်ခံ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ စစ်သင်တန်းဆင်းရဲဘော်များကို တက်ရောက် အားပေးချီးမြှောက်ခဲ့ကြောင်း သိရှိရသည်။

စလင်းစိုးမိုးနယ်မြေအတွင်း အခက်အခဲများစွာဖြင့် စစ်သင်တန်းသင်ယူတက်မြောက်ခဲ့သော ရဲဘော်များကို အထူးလေးစား ဂုဏ်ယူကြောင်းနှင့် ရည်ရွယ်ချက်ကောင်းများစွာဖြင့် စုဖွဲ့ထားသည့် အင်အားစုတစ်ရပ်မှ စစ်ရေး/နိုင်ငံရေး ပြည့်ဝသည့် တပ်ဖွဲ့တပ်စုအဖြစ် ပြည့်ဝအောင် ကြိုးစားမှုအပေါ်အသိအမှတ်ပြုကြောင်းနှင့် ပြည်သူ့စစ်မဟာဗျူဟာကို ကောင်းစွာ နားလည်ပြီး ပြည်သူ့စစ်မဟာဗျူဟာကို ကောင်းစွာကျင့်သုံးရန် အထူးသတိပေးမှာကြားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article