Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထား ပေမယ့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တချို့က မျက်ကွက်ပြုနေကြတယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင် ပြောသွားပြန်ပါတယ်။
ရန်ကုန်မြို့မှာ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်က ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း ဆိုသူဟာ မံစီမြို့တိုက်ပွဲမှာ ပွဲချင်းပြီးကို သေသွားပြီး မိသားစုက ရက်လည်ဆွမ်းပါ သွပ်လိုက်ရပြီလို့ အဲဒီ မိသားစုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်း ၊ ဆိပ်ဖြူမြိုနယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ အထိုင်စခန်း ၂ ခု နဲ့ ရဲစခန်းကိုပါ တော်လှန်ရေးပူးပေါင်းတပ်တွေက မြေပြင်ဝေဟင်ပေါင်းပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့သူတွေ တော်တော်ကို များထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။