25 C
Yangon

တောင်သာတွင် လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းနှင့် တပည့်ဖြစ်သူတို့ လက်ဖက်ရည် သောက်နေစဉ် ပစ်ခတ်ခံရပြီး ၂ ဦးလုံးပွဲချင်းပြီး သေဆုံး၊ ပစ္စတို သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

တောင်သာတွင် လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းနှင့် တပည့်ဖြစ်သူတို့ လက်ဖက်ရည် သောက်နေစဉ် ပစ်ခတ်ခံရပြီး ၂ ဦးလုံးပွဲချင်းပြီး သေဆုံး၊ ပစ္စတို သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းနှင့် တပည့်ဖြစ်သူတို့ လက်ဖက်ရည် သောက်နေစဉ် ပစ်ခတ်ခံရပြီး ၂ ဦးလုံးပွဲချင်းပြီး သေဆုံးကာ ပစ္စတို သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၌ လက်ဖက်ရည် သောက်နေသော လေတပ်ဗိုလ်ကြီး ကြည်ဖေလင်းနှင့် တပည့်ဖြစ်သူတို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) က ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ပစ်ခတ်ရှင်းလင်းခဲ့တာပါ။ လေတပ်က စစ်ခွေး ဗိုလ်ကြီးကော သူ့တပည့်ကော နှစ်ကောင်လုံးပွဲချင်းပြီး သေပါတယ်။ ကျန်တော်တို့က အရှင်ဖမ်းဖို့ပဲ ထွက်ပြေးတဲ့အတွက် ပစ်ခတ် ဖမ်းဆီးရင်း သေဆုံးသွားတာပါ။ အဖိနှိပ်ခံလူထု အကျိုးစီးပွားကိုရှေ့ရှု့ပြီး ရန်သူ စစ်အုပ်စု စစ် ၃ စစ် ကို ကျန်တော်တို့ PLA အနေနဲ့ ရရာနည်းလမ်းနဲ့ အမြစ်ပြတ်ချေမှုန်းသွားမှာပါ” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသော လေတပ်ဗိုလ်ကြီး ကိုင်ဆောင်သည့် MA5 MK1 ပစ္စတို သေနတ်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article