21 C
Yangon

ရန်ကုန်မြို့တွင် PDF များနှင့် တော်လှန်ရေးရဲဘော်များကို အိမ်မငှားရန် စစ်ကောင်စီက စာရွက်များလိုက်ဖြန့်၍ ခြိမ်းခြောက်ခြင်း၊ အဆောင်နှင့်အိမ်ပိုင်ရှင်များကို ရပ်ကွက်ရုံးများသို့ ခေါ်ယူ ဖိအားပေးမှုများ လုပ်နေ

Must read

ရန်ကုန်မြို့တွင် PDF များနှင့် တော်လှန်ရေးရဲဘော်များကို အိမ်မငှားရန် စစ်ကောင်စီက စာရွက်များလိုက်ဖြန့်၍ ခြိမ်းခြောက်ခြင်း၊ အဆောင်နှင့်အိမ်ပိုင်ရှင်များကို ရပ်ကွက်ရုံးများသို့ ခေါ်ယူ ဖိအားပေးမှုများ လုပ်နေ

ရန်ကုန် ၊ ဒီဇင်ဘာလ ၃၀

ရန်ကုန်မြိုု့တွင် PDF များနှင့် တော်လှန်ရေးရဲဘော်များကို အိမ်မငှားရန် စစ်ကောင်စီက စာရွက်များလိုက်ဖြန့်၍ ခြိမ်းခြောက်လာကြောင်း ရန်ကုန်မြို့ မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ရှိ အဆောင်၊ နေအိမ်၊ တိုက်ခန်း၊ ပိုင်ရှင်များအနေဖြင့် ငှားရမ်းသူများ၏ ကိုယ်ရေးအချက်အလက်၊ အ ထောက်အထား၊ ပြည့်စုံစွာရရှိမှသာ ငှားရမ်းခြင်းနှင့် ယင်းအချက်အလက် အထောက်အထားများဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်းတိုင်ကြားခြင်းကို ဆောင်ရွက်ရန် စစ်ကောင်စီက ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။

PDF နှင့် တော်လှန်ရေးရဲဘော်များကို အိမ်ငှားရမ်းပါက အကြမ်းဖက် မှုတိုက်ဖက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သည့်အခါ ငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများ ကို အမှုနှင့်ဆက်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း ၊ တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က အသိပေး ထုတ်ပြန်ထားခဲ့ပြီးဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

ထိုသို့ အသိပေးထုတ်ပြန်ခဲ့သော်လည်း အဆောင်၊ နေအိမ်၊ တိုက်ခန်း ပိုင်ရှင်အချို့သည် မသိကျိုး ကျွန် ပြု၍ ဆက်လက်ငှားရမ်းပေးနေခြင်းသည် အကြမ်း ဖက်မှုများကို ဆက်လက်ကျူးလွန်နိုင်အောင် အားပေးကူညီရာရောက်သကဲ့သို့ ဖြစ်စေကြောင်း စစ်ကောင်စီက ဆိုသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွင် အကြမ်းဖက် သမားများ နှင့် အကြမ်း ဖက်အုပ်စုများကို အဆောက်အအုံနှင့် နေရာတစ်ခုခု အသုံးပြုခွင့်၊ ယာယီတည်း ခို နေထိုင်ခွင့် ပြုသူများသည် အကြမ်း ဖက် သမားများနည်းတူ အကြမ်း ဖက် မှုကို ကျူးလွန်ရာရောက်ကြောင်း ပြဌာန်းထားကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် စာရွက်များတွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆောင်၊ နေအိမ်၊ တိုက်ခန်း ပိုင်ရှင်များအနေဖြင့် စနစ်တကျ စိစစ် ၍ ငှားရမ်းခြင်း၊ ဧည့် စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း တွေ့ရှိရပါက အဆို ပါ ငှားရမ်းထားသည့် အဆောင်၊ နေအိမ်၊ တိုက်ခန်းများကို သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက် အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်သည့် အပြင် အကြမ်းဖက်မှုကို အားပေး ကူညီ သူအဖြစ် အရေးယူခံရနိုင်သည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။

“ရပ်ကွက်ရုံးတွေမှာလည်း အဆောင်ပိုင်ရှင်၊ အိမ်ပိုင်ရှင်တွေကို ကိုယ်မသိတဲ့သူတွေ၊ ယောင်္ကျားလေး အုပ်စုတွေဆိုရင် အိမ်မငှားဖို့။ မသင်္ကာရင် ရပ်ကွက်ရုံးကို လာအကြောင်းကြားဖို့ ခေါ်ပြောတယ်။ ပြီးတော့ ရပ်ကွက်ရန်ပုံငွေ၊ လုံခြုံ ရေး ရန်ပုံငွေဆိုပြီး အိမ်ငှားစားတဲ့သူတွေကို တစ်လကို ငွေကျပ် ၃၀၀၀၀ ကောက် တယ်။ မပေးမနေရ ကောက်နေတာ” ဟု လှိုင်သာယာမြို့နယ် အနောက်ပိုင်း၊ ၂၀ ရပ်ကွက်မှ အဆောင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article