23 C
Yangon

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်သားများလိုက်ပါလာသည့် သံပြားကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်သားများလိုက်ပါလာသည့် သံပြားကားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော စစ်သားများလိုက်ပါလာသည့် သံပြားကားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၆ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ တပ်မ ၃၃ မှ စစ်သားများလိုက် ပါလာသော သံပြားကာကား ၃ စီး နှင့် ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်ဂိတ်မှ လုံခြုံရေးလိုက်ပါလာသော အကြမ်းဖက် စစ်ကား ၄ စီးကို မုံရွာ -ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် ၄ စီးမြောက်ကားကို တဖက်ပွင့် ရှေ့ထွက်မိုင်း ၃ လုံးတွဲဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း ၄ စီးမြောက်ကား၏ နောက်မြှီးပိုင်းကို ထိမှန်ခဲ့ပြီး ကားပေါ်ပါ စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ဆက်လက်မောင်းနှင်သွားကြောင်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ကားတော့ထိတယ်။ ထိခိုက်သေဆုံးမှုက မသိရသေးဘူး။ ကားပေါ်ကနေ ပစ်ပြီးမောင်းပြေးသွား တာ။ အတိအကျမမြင်လိုက်ရဘူး။ ကားပေါ်ကနေ ပစ်နေလို့ ကျနော်တို့အဖွဲ့တွေလည်း မိုင်းဆွဲပြီး တန်းပြေးလာခဲ့ရတာ။ လမ်းပိုင်းကင်းအထပ်ထပ်ကြားကနေ ရအောင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရတာပါ။” ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို Area71 PDF တပ်ဖွဲ့၊ မုံရွာမြို့နယ် ပကဖ ပေါက်ခွဲရေး အဖွဲ့ နှင့် ANYAR DEFENCE FORCE (ADF) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article