29 C
Yangon

ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး၊ စစ်သား အလောင်းများကို နာရေးကား ၃ စီးဖြင့် မြို့ပေါ် တင်ဆောင်သွား

Must read

ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံး၊ စစ်သား အလောင်းများကို နာရေးကား ၃ စီးဖြင့် မြို့ပေါ် တင်ဆောင်သွား

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဥယျာဥ်ကြီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဥယျာဥ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းကို ပြန်လည် တပ်ဆုတ်သွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင်လည်း အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာကို တော်လှန်ရေးတပ်ဖွဲ့ များက ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ၁ နာရီ ကြာဖြစ်ပွားကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၁၁ ဦးသေဆုံးပြီ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ညနေ့ ၄ နာရီခန့်တွင် နာရေးကား ၃ စီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရှိရသည်။

“စစ်ခွေးတွေက အခုထပ်ပြီး ကုန်းရွာဘက်ကနေ တက်နေလို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်ပါတယ်။ ရိုးမအစပ်က ပြည်သူတွေ သတိနဲ့နေကြပါ။ စစ်ခွေးတွေ အထိနာနေတော့ ပြည်သူကိုမဲပြီး ဒုက္ခပေးနိုင်လို့ မပေါ့ဆဖို့ အသိပေးချင်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပြည်သူကာကွယ်ရေး တပ်ဖွဲ့များက ဆက်လက် ပစ်ခတ် တိုက်ခိုက်သွားမည်ဖြစ်၍ စစ်ကောင်စီ တပ်သားများနှင့် အနီးကပ် သွားလာခြင်း မပြုလုပ်ရန် တော်လှန်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ -၁ YOMA (GBK – PDF)၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ -၁ Dragon Brothers (GBK – PDF)နှင့် ပဲခူးရိုးမအခြေပြု BTZM (GBK – PDF) သာယာဝတီ ခရိုင် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article