23 C
Yangon

ကြို့ပင်ကောက်တွင် ဘုန်းကြီးအယောင်ဆောင်၍ စစ်တပ် အတွက် အလုပ်လုပ်နေသူ ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီးရမိသော်လည်း ထွက်ပြေးသွားစဉ် လိုက်လံ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

Must read

ကြို့ပင်ကောက်တွင် ဘုန်းကြီးအယောင်ဆောင်၍ စစ်တပ် အတွက် အလုပ်လုပ်နေသူ ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီးရမိသော်လည်း ထွက်ပြေးသွားစဉ် လိုက်လံ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ဘုန်းကြီးအယောင်ဆောင်၍ စစ်တပ် အတွက် အလုပ်လုပ်နေသူ ၁ ဦးကို အရှင် ဖမ်းဆီးရမိသော်လည်း ထွက်ပြေးသွားစဉ် လိုက်လံ ဖမ်းဆီး ပစ်ခတ်ရာမှ သေဆုံးခဲ့ကြောင်း BTZM GBK PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် အောင်စိုးမိုး-ဘော်ဘင် ဗျူဟာလမ်း အတိုင်း ကြိုပင်ကောက်မြို့နယ်၊ ရုံးချောင်းရွာ အေးရွာလေးရွာနှင့် သင်္ခရိုင်ရွာများကို စစ်ကြောင်း ထိုးရန် ရှေ့ပြေး လွှတ်လိုက်သော ဘုန်းကြီးအယောင်ဆောင် စစ်တပ် သတင်းပေး တစ်ဦးကို BTZM GBK PDF မှ တော်လှန်ရေး ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူကို တော်လှန်ရေး ရဲဘော်များက စစ်ဆေးမေးမြန်းရာ ဖမ်းဆီးခံရသူက တပ်မ ၆၆ က စေလွှတ်၍ တော်လှန်ရေးတပ်များ၏ သတင်းများ စုံစမ်းခိုင်းခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြောင်း၊ ၎င်းထံမှလည်း စစ်ဝတ်စုံတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ စစ်ဆေးပြီးချိန်တွင် တော်လှန်ရေး ရဲဘော်များက ၎င်းကို ချုပ်နှောင်ထားရန် အတွက် ခေါ်လာစဥ် လမ်းခုလပ်တွင ထွက်ပြေးသောကြောင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ထိုသို့ ပုံစံ အမျိုးမျိုးဖြင့် အယောင်ဆောင်ထားကာ အကြမ်းဖက် စစ်တပ် သတင်းပေးများ ပြည်သူများ နေထိုင်ရာရပ်ရွာများကို နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာ၍ မဟာမိတ် တပ်ဖွဲ့များနှင့် တော်လှန်ရေး ညီကိုများ၊ တော်လှန် ပြည်သူများ သတိထားသွားလာကြရန် BTZM GBK PDF မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article