25 C
Yangon

ယင်းမာပင်မြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော ခရိုင်ရဲစခန်း၊ စုပေါင်းရုံး၊ ရဲကင်းဘန်ကာနှင့် ခရိုင်ရဲမှူး နေအိမ်တို့ကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုများ၍ မြို့သစ်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ခရိုင်ရဲစခန်း၊ စုပေါင်းရုံး၊ ရဲကင်းဘန်ကာနှင့် ခရိုင်ရဲမှူး နေအိမ်တို့ကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုများပြားကြောင်း နယ်စည်းမခြားဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့ပေါ်၌ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စုပေါင်းရုံး၊ ရဲကင်းဘန်ကာ၊ ခရိုင်ရဲမှူး နေအိမ်နှင့် လွတ်လပ်ရေးနေ့ ကျင်းပနေသော နေရာတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်တည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများစွာရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့တွင်လည်း နံနက်ပိုင်းမှ စတင်ပြီး ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စုပေါင်းရုံး၊ ခရိုင်ရဲမှူးနေအိမ်နှင့် ခရိုင်ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား၊ ရဲနှင့် ပျူစောထီး အများအပြား ထိခိုက်မှုရှိပြီး ခရိုင်ရဲမှူး၏ သားဖြစ်သူလည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ၂ ရက်တာအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုများပြားခဲ့ခြင်းကြောင့် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ယင်းမာပင်မြို့အနီးရှိ မြို့သစ်ကျေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၂ လုံး ၊ ဆန်၊ စပါးနှင့် နွားစာ သိုလှောင်အဆောက်အဦး ၄ လုံး ၊ ထွန်စက် ၁ စီး ၊ နွားစာစင်းစက် ၁ ခုံ ၊ ဆိုင်ကယ် ၁ စီး ၊ စက်ဘီး ၂ စီး တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြားဇာမဏီ ပြောက်ကျား (ယင်းမာပင်ဒရုန်းတပ်ဖွဲ့)၊ ယင်းမာပင်ခရိုင်ဒရုန်းတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၁၊ ၁၇၊ ၃၇ ၊ ဗျူဟာ ၄၃ ၊ ၄၇ ၊ Salingyi Special Task Force၊ ယင်းမာပင်ခရိုင်တပ်ရင်း ၂၉ တပ်ခွဲ ၁ Golden Star Force၊ တောကျီးကန်း ၊ အာဠာဝက ၊ တောသားကြီး ၊ BED ငညို ၊ SBTF ၊ Anyar Fighter၊ ပြည်သူအားလုံးရဲ့PK ၊ GZ Fighter (Lpdf)နှင့် Next Generarion Hope အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article