20 C
Yangon

ဗန်းမော်မြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ရေး KIA က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်တပ်ကင်းစင်သွားသော မံစီမြို့နယ်တွင် KIA ကချင်အမျိုးသား အလံများ လွှင့်ထူ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

ကချင်ပြည်နယ်၊ မံစီမြို့နယ် တစ်ခုလုံးကို KIA တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ကချင် အလံတော်များ လွှင့်ထူခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မံစီမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မံစီမြို့နယ် တစ်ခုလုံးကို ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်၏ တပ်ရင်းများတွင် လွှင့်ထူထားသော အလံများကို ဖြုတ်ချလိုက်ပြီး ကချင် အလံတော်များကို လွှင့်ထူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မံစီမြို့နယ်က စစ်ခွေးလုံး၀ ကင်းစင်သွားပါပြီ ကချင် အလံတော်တွေ လွှင့်ထူခဲ့တယ်။ မံစီမြို့နယ် တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီ” ဟု KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၃ ခုနှစ်ကတည်းက စတင်ပြီး မံစီမြို့နယ်ကို KIA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့ ညနေပိုင်းတွင် မံစီမြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ကျန်ရှိနေသေည့် ခမရ-၆၀၁ ၊ ခမရ-၃၁၉ နှင့် အမြောက်တပ် ၃၅၂ တို့ကို ဇန်နဝါရီလ ၈ ရက်နေ့တွင် ထပ်မံ သိမ်းပိုက်လိုက်ပြီး မြို့နယ် တစ်ခုလုံးကို KIA က ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဗန်းမော်မြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ရေး KIA က ထိုးစစ်များ အရှိန်အဟုန်မြှင့်တင်လျက်ရှိပြီး အထူးသဖြင့် စကခ ၂၁ ကို ဦးတည်၍ ထိုးစစ်ဆင်နေကြောင်း၊ စကခ ၂၁ တွင် စစ်ကောင်စီတပ်များ စုဝေး၍ ခုခံနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရသည်။

“ဗန်းမော်မြို့နေရာတော်တော်များများတော့ရထားပါပြီ။ လေယာဉ်နဲ့ ဗုံးကျဲတာတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ပြင်းထန်နေပါတယ်။ အလွန်ပြင်းထန်နေဆဲပါပဲ။ ထိုးစစ်ကိုတော့ အရှိန်အဟုန်မြှင့် နေပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဗန်းမော်မြို့ကိုလည်း ဒီဇင်ဘာလ ၄ ရက်နေ့ကတည်းက KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – မံစီမြို့နယ်တွင် စစ်ကောင်စီတပ်များကို ယမန်နေ့ အပြီးသတ် သိမ်းပိုက်ပြီးနောက် KIA အလံများ လွှင့်တင်ထားစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article