30 C
Yangon

ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာမှ ထွက်လာသော စစ်တပ် စစ်ကြေင်းကို ပိတ်ဆို့ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ စစ်ကြောင်း တစ်ခုလုံး တပ်ပျက်ပြီး ရွာထဲကို ပြန်ဝင်ပြေး

Must read

ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာမှ ထွက်လာသော စစ်တပ် စစ်ကြေင်းကို ပိတ်ဆို့ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ စစ်ကြောင်း တစ်ခုလုံး တပ်ပျက်ပြီး ရွာထဲကို ပြန်ဝင်ပြေး

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြေင်းကို ပိတ်ဆို့ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ပလိုင်း ပကဖ တာဝန်ခံ ဗိုလ်ထွန်းညိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်း ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၆၀ ခန့် ပါဝင်သော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာ အထွက်တွင် ကြားဖြတ် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် မိနစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ဘက်မှ ၅ ဦးသေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပိတ်ဆို့ တိုက်ခိုက်မှုအတွင်း စစ်ကြောင်း တပ်ပျက်၍ သေဆုံးသွားသော စစ်သား အလောင်းများကို ဆွဲယူကာ ရွာထဲသို့ ပြန်ဝင်ပြေးသွားကြောင်း သိရှိရသည်။

“ကျနော်တို့ တိုက်နယ် ၅ နယ်မြေအတွင်းကို ပလိုင်းပျူစောထီးရွာက စစ်ခွေးတွေက ထွက်လာတာ အင်အားက ၆၀ လောက်ပါမယ်။ တော်လှန်ရေး ရဲဘော်တွေက ပိတ်ဆို့ပြီး ကြားဖြတ် တိုက်ခိုက်တာ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းမှာတော့ စစ်ခွေးနဲ့ ပျူခွေး ၅ ကောင် လဲကျ သေဆုံးတယ်။ စစ်ခွေးအလောင်းတွေတော့ သူတို့ ပြန်ဆွဲယူသွားတယ်။ ခွေးစစ်ကြောင်းက တိုက်ပွဲအတွင်းမှာ တပ်ပျက်ပြီး ရွာထဲကို ပြန်ဝင်ပြေးသွားတယ်” ဟု လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ပလိုင်း ပကဖ တာဝန်ခံ ဗိုလ်ထွန်းညိုက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပလိုင်း ပကဖ လျှပ်စီးမုန်တိုင်း ပြောက်ကျားတပ်ဖွဲ့ ၊ ရန်ကြီးအောင် ပကဖ ၊ သခင်ကြီး ပကဖ နှင့် 9 PDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article