ရန်ကုန်၊ ဇန်နဝါရီ ၁၀
ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ လိမ်လည်ခေါ်ဆောင်ခံရတော့မည် တရုတ်ခရီးသည် ၂ ဦးကို ထိုင်းစစ်တပ်က ကယ်တင်လိုက်ကြောင်း Khaosod English သတင်းဌာနက သတင်းဖော်ပြသည်။
ထိုင်း-မြန်မာနယ်စပ်အနီး တက်ခရိုင်တွင် တရုတ်နိုင်ငံသား ခရီးသည် အသက် ၂၇ နှစ်အရွယ် Wu နှင့် အသက် ၃၆ နှစ်အရွယ် Zhu တို့ ၂ ဦးကို ထိုင်းစစ်တပ်က ကယ်တင်နိုင်ခဲ့ကြောင်း၊ အဆိုပါ တရုတ်ခရီးသည် ၂ ဦးသည် ဇန်နဝါရီလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ သု၀ဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် ချင်းမိုင်သို့ သွားရောက် လည်ပတ်စီစဉ်ထားခဲ့ကြသော်လည်း ကားသမားက လမ်းကြောင်းပြောင်းကာ တက်ခရိုင်၊ ဖုတ်ဖရမြို့နယ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် နယ်စပ်သို့ ဖြတ်သန်းရန် အချိန်စောင့်ရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ထိုင်းစစ်တပ်က အဆိုပါ တရုတ်ခရီးသည် ၂ ဦးကို လူကုန်ကူးခံရသည့် အခြေအနေ မတိုင်မီ ကယ်တင်နိုင်ခဲ့ပြီး မဲဆောက်ရဲစခန်းတွင် ခေါ်ယူ စစ်ဆေးကာ မိသားစုနှင့် ဆက်သွယ်နိုင်ရေး ကူညီပေးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar