Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီက သမိုင်းမှာ ကျဆုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေရတာကြောင့် နွေဦး တော်လှန်ရေးအင်အားစုများ စုပေါင်းရုန်းကန် အရှိန်အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ TNLA က ယမန်နေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
-ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှာ ထောင်အာဏာ ပိုင်တွေက အကျဉ်းသား/သူ များကို ဆော်ဒါမှုန့် ပါဝင်တဲ့ ထမင်းနှင့် ပဲဟင်းတွေနေ့စဉ်ကျွေးနေလို့ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါတွေ ဖြစ်ပွားနေတယ်လို့ အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။
ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် “PDF လည်းပိုင်တယ်။ စစ်တပ် လည်းပိုင်တယ်” ဟု ကြွေးကြော်၍ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူး ကိုဦးနှင့် တွဲဖက် အုပ်ချုပ်ရေးမှူး မြင့်ထွေးတို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။’