28 C
Yangon

ဇီးကုန်းတွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူး ကိုဦးနှင့် တွဲဖက် အုပ်ချုပ်ရေးမှူး မြင့်ထွေးတို့ကို PDF ရဲဘော်များက ပစ်ခတ်မှု ၁ ဦးသေဆုံး

Must read

ဇီးကုန်းတွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူး ကိုဦးနှင့် တွဲဖက် အုပ်ချုပ်ရေးမှူး မြင့်ထွေးတို့ကို PDF ရဲဘော်များက ပစ်ခတ်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် “PDF လည်းပိုင်တယ်။ စစ်တပ် လည်းပိုင်တယ်” ဟု ကြွေးကြော်၍ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသည့် အုပ်ချုပ်ရေးမှူး ကိုဦးနှင့် တွဲဖက် အုပ်ချုပ်ရေးမှူး မြင့်ထွေးတို့ကို PDF ရဲမေများက ပစ်ခတ်ရှင်းလင်းရာ ၁ ဦးသေဆုံးခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ပဲခူးရိုးမ အခြေပြုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စု မီးကောက်ပင်ရွာ အုပ်ချုပ်ရေးမှူး ကိုဦးနှင့် တွဲဖက် အုပ်ချုပ်ရေးမှူး မြင့်ထွေးတို့ကို ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း တွဲဖက် အုပ်ချုပ်ရေးမှူး မြင့်ထွေးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူး ကိုဦးသည် ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

ယင်း အုပ်ချုပ်ရေးမှူး ၂ ဦးသည် ပြည်သူများကို “PDF လည်းပိုင်တယ်။ စစ်တပ် လည်းပိုင်တယ်” ဟု ကြွေးကြော်၍ နည်းမျိုးစုံဖြင့် ဖိနှိပ်နေခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကိုဦး ဆိုတဲ့ကောင်ကတော့ ထွက်ပြေး လွတ်မြောက်သွားပါတယ်။ တွဲဘက် မြင့်ထွေးကိုတော့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ပွဲချင်းပြီး သေဆုံးတယ်။ မြင့်ထွေးက ငါ့တူတွေကလည်း PDF တွေ ငါတို့ အုပ်ချုပ်ရေးမှူးလုပ်လည်း အေးဆေးပဲဆိုပီး ရွာထဲမှာ ပြည်သူတွေကို ခြိမ်းခြောက် အနိုင်ကျင့်နေတာ ပြီးတော့ စစ်ခွေးလည်း ငါတို့လူတွေ အုပ်ချုပ်ရေးမှူး လုပ်လို့ရတယ်ပြီး စိတ်တိုင်းကျ သောင်းကျန်းနေတာ” ဟု ကြို့ပင်ကောက်မြို့နယ် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article