28 C
Yangon

လောင်းရှည်ကို ထွက်လာသည့် စစ်တပ် စစ်ကြောင်းနှင့် ကန်ပက်လက်မှ စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၂ ဦး အရှင်မိကာ လက်နက် ၄ လက် သိမ်းဆည်းရရှိ

Must read

လောင်းရှည်ကို ထွက်လာသည့် စစ်တပ် စစ်ကြောင်းနှင့် ကန်ပက်လက်မှ စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၂ ဦး အရှင်မိကာ လက်နက် ၄ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

မကွေးတိုင်း၊ လောင်းရှည်မြို့ကို ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကန်ပက်လက်မြို့မှ စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် – ၃ တပ်ရင်း People Defence Force -SAW က ပြောဆိုသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဆောမြို့မရဲစခန်း၌ တပ်စွဲထားသော ကပစ ၊ ခလရ မှ စစ်သားများနှင့် ရဲ များ ပါဝင်သော ပူးပေါင်း စစ်ကြောင်းသည် အင်အား ၅၄ ဦးဖြင့် လောင်းရှည်မြို့ကို ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်း တစ်နေရာ၌ ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့သား ၁ ဦးသေဆုံးပြီး ၁ ဦး အရှင်ဖမ်းဆီးမိကာ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA-2 သေနတ် ၁ လက် နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး အရှင် ဖမ်းဆီးမိကာ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ G-3 သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်အမှတ် ၃ တပ်ရင်း ၊ အမှတ် ၅ တပ်ရင်း ၊ အမှတ် ၆ တပ်ရင်း ၊ မကွေးတိုင်း Drone တပ်ဖွဲ့ နှင့် မင်းဘူးခရိုင် တိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်ကလည်း ကန်ပက်လက်မြို့မှ စခန်းစွန့်ခွာ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများနှင့် ၎င်းတို့၏ မိသားစုများ ပါဝင်သော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ရာ ရဲ ၁ ဦး သေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်း ၊ အမှတ် ၅ တပ်ရင်း ၊ အမှတ် ၆ တပ်ရင်း ၊ မ‌ကွေးတိုင်း Drone တပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article