26 C
Yangon

ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးကာ ပြည်သူ့နေအိမ်များနှင့် ရော်ဘာခြံများကို မီးရှို့ဖျက်ဆီး

Must read

ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးကာ ပြည်သူ့နေအိမ်များနှင့် ရော်ဘာခြံများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးကာ ပြည်သူ့နေအိမ်များနှင့် ရော်ဘာခြံများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ်စစ်‌ ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် အင်အား ၁၂၀ ခန့်ရှိ အကြမ်းဖက်စစ် ကြောင်းက ပုလောမြို့နယ်၊ တပိုကျေးရွာသို့ ဝင်ရောက်လာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မ တော်၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၏ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးများကြဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မွန်းလွဲ ၂ နာရီဝန်းကျင်လောက် ဆုတ်သွားတယ်၊ မြေပြင်ထိတွေ့မှုမရှိဘူး ။ ကျနော်တို့က ဒရုန်းနဲ့ပဲ တိုက်ခိုက်ခဲ့တာ။ နေအိမ် ၅ ဆောင်၊ ရာဘာခြံ ဧက ၅၀ လောက်မီးလောင်သွားတယ်။ မီးကဆက် လက်လောင်ကျွမ်းနေတုန်းပါ” ဟု မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့်အထိနာသွားသော အကြမ်းဖက်စစ်ကြောင်းသည် ပါဒစက်တော်ရာ ဘုရားသို့ ပြန်လည်ဆုတ်ခွာသွားရာ လမ်း၌တွေ့ရှိသည့် ပြည်သူအမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီး သွားကြောင်း၊ ထို့အပြင် ဆုတ်ခွာရာလမ်းကြောင်းတလျှောက်ရှိ ပြည်သူ့နေအိမ် ၅ လုံးထက်မနည်း နှင့် ရာဘာခြံ ဧက ၅၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

အကြမ်းဖက်စစ်သားများ၏ မီးရှို့မှုကြောင့် လောင်ကျွမ်းလျက်ရှိသော မီးသည် ယနေ့ ဇန်နဝါရီလ ၁၂ ရက် နံနက် ၁၁ နာရီကျော်အထိ လောင်ကျွမ်းလျက်ရှိပြီး ပျက်ဆီးဆုံးရှုံးမှုအရေအတွက် တိုးလာနိုင် ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက အသိပေးထားသည်။

အကြမ်းဖက်စစ်တပ်သည် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက် ရှိနေဆဲ ဖြစ် ပြီး လက်နက်ကိုင်ခြင်း ယှဉ်မတိုက်နိုင်သည့်အခါ လက်နက်မဲ့ ပြည်သူများကို ရမ်းကား အနိုင်ကျင့် သည့် သူရဲဘောကြောင်သည့် အကြမ်းဖက်သာသာ အဖွဲ့အစည်းဖြစ်ကြောင်း ဆက်လက်ပြောဆို သည်။

မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းသည် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း ၇ နှင့် ပူး ပေါင်းကာ အကြမ်းဖက်စစ်ကောာင်စီအား ညီညွတ်စွာ တွန်းလှန်လျက်ရှိကြောင်း၊ ခရီးသွားမိဘ ပြည်သူများအနေဖြင့် မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းအား အသုံးပြု၍ ခရီးသွားလာ ခြင်းကို စစ်ရေးသတင်းကို နားစွင့်ပြီးမှ သွားလာခြင်း ပြုကြရန်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် နှင့် မဟာမိတ်များမှ ထုတ်ပြန်သည့် ကြေငြာချက်များကိုလည်း တိတိကျကျ လိုက်နာပေးကြပါရန် တိုက်တွန်း မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article