26 C
Yangon

ရွှေဘိုမြို့နယ်၊ ပလိုင်ရွာမှ ကင်းစောင့်ရန် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်ရွာမှ ကင်းစောင့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ပလိုင်း ပကဖ လျှပ်စီးမုန်တိုင်းပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်ရွာ၌ တပ်စွဲထားသော‌ စစ်တပ် စခန်းမှ ကင်းစောင့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦး သေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ လက်နက်များ ကောက်ယူနိုင်ရန် ကြိုးစားခဲ့သော်လည်း ရွှေဘိုမြို့အတွင်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ကူခြင်း၊ စစ်တပ်စခန်းမှ စက်လက်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

“ပလိုင်း စစ်ခွေး စခန်းက ကင်းယူဖို့ ထွက်လာတဲ့ စစ်ခွေးတွေနဲ့ တော်လှန်ရေး ရဲဘော်တွေ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာ တိုက်ပွဲကြာမြင့်ချိန်က မိနစ် ၃၀ လောက်ရှိတယ်။ ထိတွေ့မှုအတွင်းမှာ စစ်ခွေး ၂ ကောင် လဲကျသေဆုံးသွားတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ လက်နက်ကောက်ယူဖို့ လုပ်တဲ့ အချိန်မှာ စစ်ခွေး အထိုင်စခန်းကလည်း စက်လက်တွေ ရမ်းပစ်တယ်။ ရွှေဘိုမြို့ ၄၂ တပ်ကလည်း ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်လို့ ကောက်ယူနိုင်ခဲ့ခြင်းမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ပလိုင်း ပကဖ လျှပ်စီးမုန်တိုင်းပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပလိုင်း ပကဖ လျှပ်စီးမုန်တိုင်းအဖွဲ့၊ ဂဠုန်ကြီး၊ အောင်ဘော်၊ ရှပ်တေး၊ icကျော်ကြီး နှင့် CDF Shwebo ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article