26 C
Yangon

ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာ တိုက်ပွဲတွင် စစ်တပ်နှင့် PNO ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၂၀ ထက်မနည်း သေဆုံး၊ တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို စစ်တပ် လက်အောက်ခံ PNO အဖွဲ့က နှိပ်စက် သတ်ဖြတ်

Must read

ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာ တိုက်ပွဲတွင် စစ်တပ်နှင့် PNO ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၂၀ ထက်မနည်း သေဆုံး၊ တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို စစ်တပ် လက်အောက်ခံ PNO အဖွဲ့က နှိပ်စက် သတ်ဖြတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာတိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်နှင့် PNO ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၂၀ ထက်မနည်း သေဆုံးပြီး တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို စစ်တပ် လက်အောက်ခံ PNO အဖွဲ့က နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း PNLA သတင်းနှင့် ပြန် ကြားရေးဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာဘက်ကို အကြမ်းဖက် စစ်တပ်နှင့် PNO ပူးပေါင်း စစ်ကြောင်းက အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တပ်ဖွဲ့ဝင်များနှင့် တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး ၁ ဦးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးပြီး PNLA တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၅ ဦးအရှင် ဖမ်းဆီး ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အသက်ရှင်လျက် ဖမ်းဆီးထားသည်ဟု ထုတ်ပြန်ခဲ့သော်လည်း နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ဖမ်းမိထားသည့် PNLA ရဲဘော် ၅ ဦးကို နှိပ်စက်သတ် ဖြတ်ထားသည့် ဓာတ်ပုံများ ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ထီစုံကျေးရွာအနီးမှာ တိုက်ပွဲတနေကုန်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ တိုက်ပွဲမှာတော့ ရန်သူဘက်က စစ်ကြောင်းမှူး တစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်းကျဆုံးသွားတယ်။ ပြီးတော့ ကျနော်တို့ PNLA ရဲဘော်တစ်ဦးလည်း ကျသွားတယ်။ ရဲဘော် ၅ ဦးလည်း အဖမ်းခံခဲ့ ရပါတယ်။ တိုက်ပွဲအတွင်းမှာ အဖမ်းခံခဲ့ရတာပေါ့။ အဲဒီအဖမ်းခံရတဲ့ ရဲဘော် ၅ ဦးကို ဇန်နဝါရီ ၁၃ ရက်နေ့ ၁၀ နာရီ ၁၅ မိနစ်လောက်မှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က သတ်ဖြတ် လိုက်တာဖြစ်ပါတယ်” ဟု PNLA သတင်းနှင့်ပြန် ကြားရေး ဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA တပ်ဖွဲ့သည် စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်ပြီး တိုက်ပွဲများ အတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ ၊ PNO ပြည်သူ့စစ် တပ်ဖွဲ့ ဝင်များကို နှိပ်စက်သတ်ဖြတ်ခြင်းများ မပြုလုပ်ခဲ့ဘဲ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားခဲ့ကြောင်း၊ သို့သော်လည်း PNO ပြည်သူ့စစ်က ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က လည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည် သူ့စစ်အဖွဲ့က ရွာအလည်ပြန်သည့် PNLA ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးကြောင်း သိရသည်။

“ဒီလိုမျိုး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို သတ်ဖြတ်တယ်။ နှိပ်စက်တယ်ဆိုတာက စစ်ရဲ့စည်းမျဉ်းစည်း ကမ်းဥပဒေနဲ့လည်းမကိုက်ညီဘူး။ ဒါက လုပ်လို့မရဘူး။ နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေနဲ့လည်း မကိုက်ညီဘူး။ လုပ်လို့မရဘူး။ ဒါက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါမျိုး လုပ် ရပ်တွေက အင်မတန် အောက်တန်းကျတဲ့၊ ယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ ဒီစစ်အာဏာရှင် စနစ်ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲအတွင်း ကျနော်တို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရော၊ PNO ပြည်သူ့စစ် ရော ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ သို့သော်လည်း ကျနော်တို့ စစ်သုံ့ပန်းဥပဒေ လုပ်ထုံလုပ်နည်းနဲ့အညီ ထိန်းသိမ်းထားပါတယ်။ ကျနော်တို့ နှိပ်စက်သတ်ဖြတ်တာ မပြုခဲ့ဘူး” PNLA သတင်းနှင့်ပြန် ကြားရေး ဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ပြောကြားသည်။

ပအိုဝ်းလူမျိုးအချင်းချင်းသည် PNLA တပ်ဖွဲ့၏ ရန်သူမဟုတ်ကြောင်း၊ စစ်အာဏာရှင်စနစ်သည်သာ တတိုင်းပြည်လုံး၏ ရန်သူဖြစ်ပြီး ယခု တနိုင်ငံလုံးဖြစ်ပွားနေသည့် တိုက်ပွဲသည် စစ်အာဏာရှင်စနစ် ကို တိုက်ဖျက်နေသည့် တိုက်ပွဲဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA က ပြောဆိုထားသည်။

“PNO မှာ ဦးဆောင်နေတဲ့လူတွေအနေနဲ့ ကိုယ့်လုပ်ရပ်ကို သေသေချာချာ ပြန်ပြီးတော့ စဉ်းစား သုံး သပ် ကြည့်ကြပါ။ စစ်ကောင်စီရဲ့အကျိုးအတွက်၊ စစ်အာဏာရှင်ရဲ့ အကျိုးအတွက် ကိုယ့်လူမျိုး အ ချင်းချင်းကို ဒီလိုမျိုး ပြန်လည်ပြီးတော့မှ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတာမျိုး လုပ်နေကြရတာ ပျော် နေသလား။ လုပ်ရဲ့ကြသလား။ လုပ်ရဲ့နေကြသလား။ ကိုယ့်လူမျိုးကို လူမျိုးတုန်းအောင်လုပ်နေရ တာ ပျော်နေသလား။အခုဖြစ်နေတဲ့ စစ်ပွဲတွေက လူမျိုးအချင်းချင်းတိုက်ခိုက်နေတဲ့ စစ်ပွဲတွေ၊ တိုက် ပွဲတွေ မဟုတ်ပါဘူး။ ဒါက စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဒါက တစ် နိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန်မှာ စစ်အာဏာရှင်စနစ်ကို အ ထောက်အကူ ပြုနေတဲ့ လုပ်ရပ်တွေကို ဆက်မလုပ်ကြဖို့ အလေးအနက်ပြောလိုပါတယ်” ဟု PNLA သတင်းနှင့်ပြန် ကြားရေး ဌာန တာဝန်ရှိသူ ခွန်းယိမ်းယံက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article