26 C
Yangon

စလင်းမြို့နယ်အတွင်း ၂ ရက်ဆက် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး သံဃာတော် ၁ ပါးနှင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

Must read

စလင်းမြို့နယ်အတွင်း ၂ ရက်ဆက် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး သံဃာတော် ၁ ပါးနှင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ၂ ရက်ဆက် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး သံဃာတော် ၁ ပါးနှင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗမာ့တပ်တော် – Bamar Army ထံမှ သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်‌တပ်က စလင်းမြို့ပေါ် တောင်ဘက်မှ ဖောကား ၂ စီး၊ ဒိုင်နာကား ၂ စီးဖြင့် အင်အားဖြည့်တင်းပြီး စလင်းမြို့ပေါ်မှတစ်ဆင့် မြောက်ဘက်ကို ခြေလျင်စစ်‌ကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီခန့်တွင် စလင်းမြို့မြောက်ဘက်၌ အကြမ်းဖက် စစ်တပ်နှင့်‌ တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့‌သောကြောင့် ထန်းတောကြီးရွာပေါ်သို့ ကျ‌ရောက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး လက်တစ်ဖက်ပြတ် ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အနောက်ရှားတောရွာ ဘုန်းကြီးကျောင်းပေါ်ကိုလည်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထပ်မံ ကျ‌ရောက် ပေါက်ကွဲခဲ့ပြီး သံဃာတော် ၁ ပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့သည့် ပတိမ်ကုန်းရွာ၌ အထိုင်ချ တပ်စွဲပြီး ကျောင်းစုရွာဘက်ကိုလည်း RPG ၊ ၆၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၁ ရက်‌နေ့တွင် အကြမ်းဖက် စစ်တပ်က ပတိမ်ကုန်းရွာမှ မီးရထားလမ်းပေါ်သို့ စစ်ကြောင်းတစ်ကြောင်းနှင့် သရက်ချဥ်ရွာဘက်မှစစ်ကြောင်းတစ်ကြောင်း တို့ခွဲ၍ အင်အား ၁၀၀ ကျော်ဖြင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ စိုးမိုးထားသော နယ်မြေအတွင်းကို နံနက် ၁၀ နာရီဝန်းကျင်တွင် ဝင်ရောက်လာ၍ ဗမာ့တပ်တော် အမှတ် ၃ စစ်ဦးစီးကွပ်ကဲရေးရုံး လက်အောက်ခံ တပ်ရင်း (၇၀၇)၊ ဒေါင်းစစ်အောင် LPDFတို့နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ပွဲသည် မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း စက်ကလေး ၊ RPG၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိ‌ပြီး အင်အားမမျှ၍ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ နေရာအနှံ့တွင် အကြမ်းဖက် စစ်‌တပ်နှင့် တော်လှန်ရေး အင်အားစုများ မကြာခဏ ထိတွေ့မှုများဖြစ်ပွား‌နေပြီး စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သည့် အတွက် မြို့ခံ ပြည်သူများ အနေဖြင့် သတိရှိရှိ နေထိုင်ကြရန်နှင့် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး၊ ဒရုန်းများကြောင့် ထိခိုက်မှု မရှိစေရန် တော်လှန်ရေးအင်အားစုများဘက်မှ ထုတ်ပြန်ချက်များကို လက်တွေ့ကျကျလိုက်နာကြပါရန် ဗမာ့တပ်တော် – Bamar Army က မေတ္တာ ရပ်ခံထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article