31 C
Yangon

မုံရွာ အရာတော် လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ၊ ထောက်ပံ့ကူညီမှုများ လိုအပ်နေ

Must read

မုံရွာ အရာတော် လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေရ၊ ထောက်ပံ့ကူညီမှုများ လိုအပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း မုံရွာ အရာတော် လမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ပြည်သူများ စစ်ဘေးရှောင်နေကြရသည်မှာ ၁၀ ရက်ခန့်ရှိပြီ ဖြစ်ပြီး အကြမ်းဖက်စစ်တပ်သည် ပြည်သူများကို ဓားစာခံအဖြစ်ဖမ်းဆီးထားသည်များလည်း ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“မုံရွာ အရာတော် လမ်းပိုင်းတစ်လျှောက်က ရွာတွေအကုန်ပဲဗျ။ စစ်ရှောင်ဦးရေက ထောင်ဂဏန်းလောက်ရှိမယ်ဗျ။ လက်ရှိစစ်ကြောင်းက မုံရွာအရာတော် လမ်းပိုင်းမှာ ရှိနေဆဲပဲဗျ။ဓားစာခံ ဖမ်းခံထားရတဲ့ ပြည်သူများတယ်ဗျ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အရာတော်မြို့နယ်အတွင်းရှိ ငွေတွင်းကျေးရွာမှ တိမ်းရှောင်လာကြသော ရေရှည်စစ်ဘေးရှောင်များနှင့် မုံရွာအရာတော် လမ်းပိုင်းတစ်လျှောက်မှ စစ်ဘေးရှောင်ပြည်သူများကို ၅/အရတ အရာတော်လူထုသပိတ် နှင့် 5/fundraising team ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထောက်ပံ့ကူညီပေးခဲ့ပြီး စစ်ရှောင်ပြည်သူများအတွက် ကူညီလိုသူများ ဆက်သွယ်နိုင်ကြောင်း ၅/အရတ အရာတော်လူထုသပိတ်မှ တာဝန်ရှိသူက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် လက်ရှိတွင် မုံရွာအရာတော် လမ်းပိုင်းရှိ ကျွန်းဖိုပင်ရွာတွင် ရှိနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article