32 C
Yangon

ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သာသနာအဆောက် အအုံ ၂ လုံးနှင့် ပြည်သူ့နေအိမ် ၁၅ လုံး ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသ၌ တိုက်ပွဲဖြစ်ပြီး စစ်တပ်က လက်နက် ကြီးဖြင့် ပစ်ခတ်မှုကြောင့် သာသနာ့ အဆောက်အအုံ ၂ လုံးနှင့် ပြည်သူ့နေအိမ် ၁၅ လုံးပျက်စီးခဲ့ကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ရပ်စောက်မြို့ဘက်မှ ကျောက်ဂူဒေသဘက်သို့ စစ်အင်အားဖြည့် တင်းရန် စစ်ကြောင်းထိုးလာသသည့် အကြမ်းဖက်စစ်သားများကို ဓနုပြည်သူ့လွတ်မြောက်ရေး တပ် တော် (DPLA) က တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရ သည်။

“ရပ်စောက်ဘက်ကနေ အင်အားဖြည့်တင်းလာတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သာသနာ့ အဆောက်အအုံ ၂ လုံး၊ အရပ်သားနေအိမ် ၁၅ လုံး ဝန်းကျင် ပျက်စီးမှုရှိခဲ့ပါတယ်။ ဒဏ်ရာရတဲ့ပြည်သူကိုတော့ ကျနော်တို့ ဆေးကုသပေးနေပါတယ်” ဟု ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နတ်ကြီး ပစ်ခတ်ခဲ့ရာသာသနာ အဆောက်အအုံ ၂ လုံးနှင့် အရပ်သား ပြည် သူ့နေအိမ် ၁၅ လုံး ထိမှန်ပျက်စီးကာ နေအိမ် ၂ လုံး မီလောင်ပြာကျခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦး လက်နက်ကြီးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူလူထုနေထိုင်ရာ ကျေးရွာ များ ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ ခဲကြားရွာတွင်းသို့ လည်းကောင်း၊ ဖက် ရင်းကုန်းရွာတွင်းသို့ လည်းကောင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အဆောက်အဦး ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article