ရန်ကုန်၊ ဇန်နဝါရီ ၁၆
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က လုံခြုံရေးဂိတ်များတွင် အင်အားတိုးမြှင့်ပြီး မကွေးတိုင်း မှတ်ပုံတင် ကိုင်ဆောင်ထားသည့် လူငယ်များကို ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ မကျည်းတိုင်း – ဖိုးကိုးလမ်းပိုင်းတွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲ ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ရဲ ၂ ဦးသေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က ရေနံချောင်းမြို့ အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေး တိုးမြှင့်ပြီး မကွေးတိုင်း မှတ်ပုံတင် ကိုင်ဆောင်ဆောင်ထားသော လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ သုံးဆယ်ခြောက် တံတားဂိတ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရန်ကုန်မှ ပြန်လာသည့် Express အဝေးပြေးကားပေါ် လိုက်ပါလာသည့် လူငယ်များကို မှတ်ပုံတင် စစ်ဆေးပြီး ကားပေါ်လိုက်ပါလာသည့် လူငယ် အားလုံးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၁၅ ရက်နေ့က ရေနံချောင်း သုံးဆယ်ခြောက် တံတားဂိတ်မှာ စစ်ခွေးနဲ့ ရဲခွေတွေက ရန်ကုန် ကနေ ပြန်လာတဲ့ Express မှန်လုံကားပေါ်က လူငယ်တွေကို ၈ မျဉ်းစောင်းကိုင်ထားတဲ့ ကောင်တွေ အကုန်ဆင်းဆိုပြီး တစ်ခါတည်း ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ရေနံချောင်းမှာ ရဲခွေး ၂ ကောင် ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက်ပိုင်းမှာ စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ပိုဆိုးလာတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရဲ ၁ ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar