ဒီကနေ့ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ Chin Defence Force – Asho တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဆလိုင်းရိုချင်းက ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ မုံရွာ မြို့လယ်ခေါင်က ငွေလွှဲငွေထုတ်ဆိုင် နေ့အချိန်ဓားပြတိုက်ခံရပြီး ငွေသား သိန်း ၂၀ နဲ့ ဖုန်း ၁ လုံး ယူဆောင်သွားတယ်လို့ ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ရဲ ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံးပြီးနောက် အကြမ်းဖက်စစ်တပ်က လုံခြုံရေးဂိတ်တွေမှာ အင်အားတိုးမြှင့်ပြီး မကွေးတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့လူငယ်တွေကို ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar