19.6 C
Yangon

ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံး

Must read

ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် မိုင်းရှင်းရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း ၊ တပ်ခွဲ -၃) မှ ဗိုလ်မိုးကြိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်ရှိ ချောင်းဦး-မြင်းမူ လမ်းပိုင်းတွင် အင်အား ၃၀ ခန့်ဖြင့် မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း ဗိုလ် ၁ ဦး အပါဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ စစ်သား ၂ ဦးသည် ခြေထောက် ပြတ်တောက်ခဲ့ပြီး ကျန် ၁ ဦးသည် လက်ပြတ်တောက်ခဲ့သောကြောင့် ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။

“အင်အား ၃၀ ပါတဲ့ ခွေး စစ်ကြောင်းက ချောင်းဦး-မြင်းမူ လမ်းပိုင်း အရောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ ဗိုလ် ၁ ကောင် အပါအဝင် ၂ ကောင် သေဆုံးတယ်။ ၃ ကောင်ကတော့ အသက် အန္တရာယ် စိုးရိမ်ရတယ်။ ဒဏ်ရာရတဲ့ စစ်ခွေး တပ်သား ၂ ကောင်က ခြေပြတ်တယ်။ ကျန် ၁ ကောင်က လက်ပြတ်တယ်။ ကျနော်တို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေဆီက တဆင့် အတည်ပြုနိုင်ခဲ့ပါတယ်” ဟု လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း ၊ တပ်ခွဲ -၃) မှ ဗိုလ်မိုးကြိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း ၊ တပ်ခွဲ -၃ ) နှင့်အတူ Eleven People Defense Force၊ Nway Oo Brothers Column ၊ မုံရွာခရိုင် အမှတ် -၁၅ တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article