28 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၁ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦးမြစန်း၊ ဓါတ်မှန်ဆရာဝန်ကြီး ဒေါက်တာ အေးခိုင်ဦး အပါအဝင် CDM ဆရာဝန် ၃ ဦးကို စစ်ကောင်စီတပ်က အကြမ်းဖက် ဖမ်းဆီးသွားတယ်လို့ ဒေသ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ နတ်ကြီးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁၉ ရက်နေ့မှာ ဝင်ရောက် စီးနင်းမီးရှို့တဲ့အချိန် ခုခံ တိုက်ခိုက်ရင်း ဒေသခံ ကာကွယ်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့တယ်လို့ ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မယ်မသော်- ရွာကို အင်အား ၁၀၀ ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာလုံးကျွတ် မီးရှို့လိုက်တယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– တနင်္သာရီတိုင်း၊ မြိတ်ခရိုင်က သာရဘွင်- ကျေးရွာ အရှေ့ကမ်းမှာ စစ်ကောင်စီတပ်တွေ နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေ တဲ့အပြင် နှစ်ဦး ဒဏ်ရာ ရခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article