29.6 C
Yangon

တအာင်း(ပလောင်)ဒေသအတွင်းရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ တာဝန်မှ နုတ်ထွက်ရန် ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေး

Must read

ရန်ကုန်၊ မေ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်း (ပလောင်) ဒေသအတွင်းရှိ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဝန်ထမ်များ ရာထူး/တာဝန်များမှ နုတ်ထွက်ရပ်နားပြီး CDM ဝင်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမပြုပါက ဖြစ်ပေါ်လာမည့် ပြဿနာအကျိုးဆက်သည် ကာယကံရှင်၏ တာဝန်သာဖြစ်ကြောင်း တအာင်းဒေသ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၂၀ ရက် ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

သတိပေးထုတ်ပြန်ချက်တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ရာထူးမှ နုတ်ထွက်ရန်၊ ဒေသခံ ကျောင်းသား/ကျောင်းသူများအနေဖြင့် စစ်ကောင်စီက ဖွင့်လှစ်သော တက္ကသိုလ်ကျောင်းများကို မတက်ကြရန်၊ CDM ပြုလုပ်ထားသော ဝန်ထမ်းများကို နည်းလမ်းအမျိုးမျိုးဖြင့် လှည့်ဖြားစည်းရုံးခြင်း၊ ဖိအားပေးခြိမ်းခြောက်ခြင်း မပြုလုပ်ရန် စသည့် အချက် ၃ ချက်ကို ရေးသားဖော်ပြထားသည်။

အဆိုပါ အချက်များကို လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေပါက ဖြစ်ပေါ်လာမည့် ပြဿနာအကျိုးဆက်သည် ကာယကံရှင်၏ တာဝန်သာဖြစ်ကြောင်း တအာင်းဒေသကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

တအာင်းဒေသ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ စသည့် မြို့နယ် ၇ မြို့နယ်၌ ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်တွင် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article