24 C
Yangon

ရွှေဘိုမြို့ရှိ ခလရ ၄၂ တပ်မှ စစ်သား ၄ ဦးနှင့် ဆိပ်ခွန်ကျေးရွာတပ်စခန်းမှ ရဲ ၁ ဦးတို့ လက်နက်များနှင့်အတူ ထွက်ပြေးမှု စစ်တပ်က တင်းတင်းကျပ်ကျပ်စစ်ဆေး

Must read

ရွှေဘိုမြို့ရှိ ခလရ ၄၂ တပ်မှ စစ်သား ၄ ဦးနှင့် ဆိပ်ခွန်ကျေးရွာတပ်စခန်းမှ ရဲ ၁ ဦးတို့ လက်နက်များနှင့်အတူ ထွက်ပြေးမှု စစ်တပ်က တင်းတင်းကျပ်ကျပ်စစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ ခလရ ၄၂ တပ်မှ စစ်သား ၄ ဦး လက်နက်များနှင့်အတူ တပ်အတွင်းမှ ထွက်ပြေးသွား၍ ခလရ ၄၂ တပ်ဘေးရှိ နေအိမ်များ၊ ဈေးဆိုင်များကို အကြမ်းဖက်စစ်သားများက လိုက်လံစစ်ဆေးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ခလရ ၄၂ တပ်မှ စစ်သား ၄ ဦး လက်နက်များနှင့် အတူ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာလအတွင်းကလည်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာရှိ စစ်တပ်စခန်းမှ ရဲ တစ်ဦး ထွက်ပြေးသွားခဲ့သေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ခလရ ၄၂ တပ်ဘေးမှာ နေတဲ့ အိမ်တွေ၊ ဈေးဆိုင်တွေက လူတွေကို လိုက်မေးတာ။ ဘယ်လိုလုပ်သိမှာလဲ အဒီတပ်က ဧက ၅၀ ကျော်တာ ။ ဘယ်အပေါက်က ထွက်မှန်း မသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ဆိပ်ခွန်ရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်စခန်းမှ ရဲ ၁ ဦး ညကင်းစောင့်စဉ် ငွေအချို့၊ ဖုန်း ၁ လုံးနှင့် စာရွက်စာတမ်းများနှင့်အတူ ထွက်ပြေးခဲ့စဉ်ကလည်း ဆိပ်ခွန်ရွာရှိ ပြည်သူများကို ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ပြီး ပြည်သူများထံမှ သဲ ၊ ကျောက်များ လုယူကာ စခန်းကို ခြံစည်းရိုး ၃ထပ်ကာ၍ ဘန်ကာများချကာ တိုးချဲ့စခန်း အခိုင်အမာ ပြုပြင်လိုက်ကြောင်း ဆိပ်ခွန်ရွာရှိ ဒေသပြည်သူများထံမှ သိရှိရသည်။

“ရဲ ၁ ယောက် ထွက်ပြေးလို့ စခန်းရှေ့က ဖြတ်သွားတဲ့ ကိုယ်ဝန်ဆောင်သည် လင်မယားနှစ်ဦးကို ဖမ်းဆီးနှိပ်စက်တယ်။ မင်းတို့ ဆိပ်ခွန်သားတွေ သိကို သိရမယ်။ ငါက ပါသွားတဲ့ ငွေနဲ့ ပစ္စည်းကို ပြန်လိုတာ မဟုက်ဘူး။ လူပြန်လိုချင်တာ မင်းတို့ ရွာက အဖွဲ့တွေကို ပြောလိုက် ။ ငါ့လူ ပြန်ပို့မပို့ရင် ရွာကိုပြာကျစေရမယ် ဒီမှာမြင်လား ၁ချက်ထုရင် ၃ယောက်သေမယ် ၃ချက်ထုရင် ရွာပြာကျမယ် ဆိုပြီး လက်နက်ကြီး၊ ကျည်တွေ ပြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article