25 C
Yangon

ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေ

Must read

ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးရှိ ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်လာပြီး စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ချောင်းသာမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များကလည်း စိုးရိမ်စိတ်ဖြစ်ကာ ဟိုတယ်များကို ပိတ်သိမ်းပြီး ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ချောင်းသာကမ်းခြေကို အလည်အပတ်ဝင်ရောက်မှုများလည်း သိသိသာသာ လျော့နည်းသွားပြီး ရွှေသောင်ယံမြို့အတွင်း တိုက်ပွဲများသည်လည်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မြေပြင်တွင်လည်း ချောင်းသာကမ်းခြေ အနီးအနားရှိ ကျေးရွာများထိ ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရွှေသောင်းယံ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော စစ်သား အများအပြားကို ချောင်းသာကမ်းခြေဘက်မှ သယ်ယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ချောင်းသာကမ်းခြေသို့ လာရောက်သည့် Express ကားလည်း ဝင်ရောက်ခြင်းမရှိတော့ဘဲ ပုသိမ် -ချောင်းသာလမ်းပိုင်းတွင်လည်း စစ်ဘေးရှောင်ကားများသာ တွေ့ရှိရပြီး ချောင်းသာမြို့မှ ထွက်လာသည့် ဖောကားများပေါ်တွင် အိပ်ယာလိပ်၊ ဘီဒို၊ အဝတ်ပုံး၊ မွေ့ယာစသည့် ပစ္စည်း များတင်ဆောင် ထားသည်ကို တွေ့ရှိရကာ လမ်းပိုင်းတစ်လျှောက်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“လူကတော့ အရမ်းပါးသွားတယ်။ လူအလာမရှိတော့ဘူး။ ဟိုတယ်တွေလည်း ပိတ်တဲ့ ဟိုတယ်က တော့ ပိတ်နေကြပြီ ဘာသံညာသံတွေတော့ ဘာမှ မကြားသေးဘူး။ အေးတော့ အေးဆေးပဲရှိပါသေးတယ်။ စိတ်ပူလို့သာ ပြောင်းရွှေ့နေကြတာပါ။ ကားကြီး ကားငယ်တွေနဲ့ ပြောင်းကြတာ ပြောင်းတာ ကတော့ Save ဖြစ်အောင်လို့ ပြောင်းကြတာပါ။ အခုလက်ရှိတော့ ဘာသံညာသံတော့ ဘာမှ မကြား ရသေးဘူး။ လမ်းပေါ်မှာတော့ စစ်သားတွေ ဘယ်ကလာလဲ၊ ဘယ်သွားမလို့လဲ စစ်ဆေးတာတွေ လည်းရှိတယ်။” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article