32.2 C
Yangon

ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူငယ်များကို စစ်မှုထမ်းခိုင်းရန် နေ့ရောညပါ စစ်တပ်နှင့် သင်္ကန်းဝတ် ဝါသ၀က အတင်း အဓမ္မဖမ်းဆီးနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ လူငယ်အများအပြားကို အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းခိုင်းရန် နေ့ရောညပါအတင်းအဓမ္မ ဖမ်ဆီးခေါ်ဆောင်နေကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီ လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် ကန့်ဘလူမြို့ပေါ်၊ အမှတ်၂ ရပ်ကွက်ရှိ ဘိလိယက်ခုံတစ်ခုတွင် ဘိလိယက်ထိုးနေသည့် လူငယ် ၇ ဦးကို စစ်တပ်လက်အောက်ခံ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး မိုးကျော်နှင့်အဖွဲ့က အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်းဒေသပြည်သူများထံမှ သိရသည်။

“လူငယ် ၇ ဦးကို စစ်ကောင်စီရဲ့ ၆၀၀၆ တပ်ကနေ တစ်ဆင့် လေကြောင်းနဲ့ ပို့တာလို့သိရပါတယ်။ တချို့ ငွေတတ်‌နိုင်တဲ့သူတွေတော့ ရွေးခိုင်းတာရှိတယ်”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်၊ကန်စွန်းအင်းရွာနှင့် ကန်သာလှရွာမှ လူငယ် ၃၀ ကျော်ကို ကန့်ဘလူမြို့၊ထွေအုပ်ရုံးနှင့်ကပ်လျက် One Stop Service(OSS)ရုံးသို့ ဖမ်းဆီခေါ်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူ ၆၀၀၆ မှတဆင့် Mi 17 ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်တိုင် သယ်ဆောင်သွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ထံမှ သိရှိရသည်။

ကန့်ဘလူမြို့နယ် ကျေးရွာများအတွင်း ညပိုင်း စစ်တပ်က လက်နက်အားကိုးဖြင့် ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ပြီး ပြည်သူများမှာ ထွက်မပြေးရဲဖြစ်နေကြကြောင်း၊ ကန့်ဘလူမြို့ပေါ်မှ ပေါ်တာဆွဲခံရ၍ လူငယ်တစ်ဦး ထွက်ပြေးသည်ကို ပြန်မိချိန်တွင် ထိုးကြိတ်၍ရိုက်နှက်ကြောက်ကန်မှုများ စစ်တပ်က လုပ်ဆောင်ကြောင်း ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်နှင့် အကြမ်းဖက် သင်္ကန်းဝတ် ဝါသဝက ကန့်ဘလူမြို့နယ်၊ ကျေးရွာများမှ အိမ်ထောင်စုစာရင်းများကို တောင်းခံ၍ ပြည်သူများကို လက်နက်အားကိုးဖြင့် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း၊ လက်ရှိတွင် ကျွန်းလှမြို့မြောက်ဘက် ပေကုန်းရွာတွင်လည်း အိမ်ထောင်စုစာရင်းများ လိုက်တောင်းနေကြောင်း ကန့်ဘလူဒေသပြည်သူများက ပြောဆိုသည်။

ပြည်သူ့စစ်ခေါင်းဆောင် အကြမ်းဖက် သင်္ကန်းဝတ် ဝါသဝက ကန့်ဘလူခရိုင်တွင် ပျူစောထီးအင်အား၊ စစ်မှုထမ်းအင်အား မည်မျှရှိသည်ဆိုပြီး အမြဲလိုလို ကြွားလုံးထုတ် ဝါဒဖြန့်နေသော်လည်း တကယ့်လက်တွေ့တွင် ၎င်းတို့စိုးမိုးထားသည့် မြို့ပေါ်နှင့် အနီးတဝိုက်ရှိကျေးရွာများမှ လူငယ်များကို အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး၊စစ်မှုထမ်းပို့ဆောင်ခြင်းများနှင့် ပျူသင် တန်းပေးခြင်းများကို အင်အားသုံး လုပ်ဆောင်လျက်ရှိကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက် သင်္ကန်းဝတ် ဝါသ၀နှင့် ပျူစောထီးများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် သင်္ကန်းဝတ် ဝါသ၀နှင့် ပျူစောထီးများ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article