24 C
Yangon

မတ္တရာ၊ နောင်ချို၊ သပိတ်ကျင်းမြို့တို့တွင် စစ်တပ်က စစ်အင်အားများ ထပ်မံဖြည့်တင်းကာ ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ် တို့ တွင် အကြမ်းဖက်စစ်တပ်က အင်အားထပ်ဖြည့်ပြီး ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှစ၍ မတ္တရာမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုများသာမက မြေပြင်စစ်ကြောင်းများပါ အင်အား ဖြည့်တင်းလာသောကြောင့် ဖယောင်းတောင် ၊ ထန်းပင်ကုန်း ကျေးရွာနှင့် မြို့ကုန်းကျေးရွာ တစ် ဝိုက်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း၊အလားတူ နောင်ချို မြို့နယ် သံဘိုကျေးရွာ အနီးတွင် လည်းကောင်း ၊ သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာတွင်လည်း ကောင်း စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“လက်ရှိ စစ်ဆိုင်ထားတဲ့ နေရာတိုင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်နေတာမျိုးတွေ့ရတယ်၊ စစ် ကောင်စီဘက်ကနေ အင်အားတွေ တောက်လျှောက်ဖြည့်နေတာမျိုးလည်း ကျနော်တို့ တွေ့ရတယ်။ လက်ရှိအခြေအနေမှာတော့ သွေးတိုးစမ်းတဲ့သဘောမျိုးပဲ ရှိသေးတယ်၊ ဒါပေမယ့် မကြာခင်မှာတော့ အလုံးအရင်းနဲ့ ထိုးလာနိုင်ခြေရှိတယ်လို့ သုံးသပ်တယ်” ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ မွန်းလွဲ ၂ နာရီခန့်က နောင်ချိုမြို့ပေါ်ရှိ စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီး စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ နေအိမ် ၁ လုံးနှင့်စည်ပင်ရုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် နေအိမ်များ လည်း မီးလောင်းကျွမ်းမှုရှိခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၂၂ ရက် နံနက် ၁၁ နာရီခန့်က နောင်ချိုမြို့ ရဲစခန်းအနီးကို အကြမ်း ဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article