24 C
Yangon

တိုက်ပွဲများကြောင့် ဧည့်သည်မရှိတော့ဖြစ်နေချိန် ချောင်းသာကမ်းခြေနှင့်မြို့မှ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားလျှင် နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းဆည်းမည်ဟု စစ်တပ်က ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်း၊ တိုက်ပွဲများကြောင့် ဧည့်သည်မရှိတော့ချိန် ချောင်းသာကမ်းခြေနှင့်မြို့ပေါ်မှ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားပါက နိုင်ငံပိုင် အဖြစ်ချိတ်ပိတ်သိမ်းဆည်းမည်ဟု အကြမ်းဖက် စစ်တပ်က လိုက်လံ ခြိမ်းခြောက်နေကြောင်း ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီး တိုက်ပွဲများ ရောက်ရှိလာသဖြင့် ချောင်းသာကမ်းခြေသို့ လာရောက်သူ နည်းပါးလာကြောင်း၊ ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့ ဟိုတယ်နှင့်တည်းခိုခန်း၊ ဆိုင်ခန်းများ ယာယီပိတ်သိမ်းကြကြောင်း၊ ထို့ကြောင့် ချောင်းသာမြို့ရှိ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ ပြန်လည် ဖွင့်လှစ်ရန် အကြမ်းဖက် စစ်တပ်နှင့် ချောင်းသာမြို့ ရပ်ကွက်အုပ်မှူး တင်ငြိမ်း၊ မြင့်ကြိုင်နှင့် ကိုကိုဦး (ခ) အာနိူး တို့က လိုက်လံ ပြောဆိုကြောင်း၊ ဟိုတယ်၊ တည်းခိုခန်းနှင့် ဆိုင်ခန်းများ မဖွင့်ပါက နိုင်ငံပိုင် သိမ်းဆည်းချိတ်ပိတ်မည်ဟု ဖိအားပေး ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးပိုင်းက ချောင်းသာ မြို့ကို ပုံမှန် ပြန်လည်ပတ်နိုင်ရန် အတင်းအဓမ္မ ဖိအားပေး လုပ်ဆောင်နေသော်လည်း လက်ရှိချိန်တွင် ချောင်းသာမြို့၌ ဒေသပြည်သူ အနည်းစုသာ ကျန်ရှိတော့ကြောင်း၊ ထို့ပြင် ခရီးသွား ဧည့်သည်များလည်း လျော့နည်းသွားပြီး ကမ်းခြေတွင် ဒေသ ဈေးသည်များ ဈေးရောင်းချခြင်းမရှိဘဲ ခြောက်ကပ်နေကြောင်း သိရှိရသည်။

ဇန်နဝါရီလပိုင်းမှ စ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးရှိ ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်လာပြီး စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ချောင်းသာမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များကလည်း စိုးရိမ်စိတ်ဖြစ်ကာ ဟိုတယ်များကို ပိတ်သိမ်းပြီး ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွှေသောင်ယံမြို့အတွင်း တိုက်ပွဲများသည်လည်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက် စစ်တပ်က လက် နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ ဆက်လက် ပြုလုပ်နေကြောင်း၊ အကြမ်းဖက် စစ်တပ်သည် မြေပြင်တွင်လည်း ချောင်းသာကမ်းခြေ အနီးအနားရှိ ကျေးရွာများထိ ခံစစ်ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရွှေသောင်းယံ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသော စစ်သား အများအပြားကို ချောင်းသာကမ်းခြေဘက်မှ သယ်ယူနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – လူသူကင်းမဲ့ပြီး ဆိုင်ဖွင့်သူပါ မရှိတော့သည့် ချောင်းသာကမ်းခြေ၏ ယခု ဇန်နဝါရီလ မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လူသူကင်းမဲ့ပြီး ဆိုင်ဖွင့်သူပါ မရှိတော့သည့် ချောင်းသာကမ်းခြေ၏ ယခု ဇန်နဝါရီလ မြင်ကွင်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article