ဒီကနေ့ ဇန်နဝါရီ ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA က စစ်သုံ့ပန်းတချို့ကို သတ်ဖြတ်ခဲ့တယ်လို့ Fortify Right အဖွဲ့ က ထုတ်ပြန်စွပ်စွဲလိုက်ပြီး အာရက္ခတပ်တော်(အေအေ)ဘက်ကလည်း ဒီစွပ်စွဲချက်ဟာ မှန်ကန်ကြောင်း ဝန်ခံခဲ့ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့တပ်သားတွေကို အပြစ်ပေး အရေးယူထားပြီဖြစ်တယ်လို့ အာရက္ခတပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။
- မြန်မာနိုင်ငံက ပြည်တွင်းစစ်မှာ လူ့အခွင့်အရေးအတွက် ထိပ်တန်းဦးစားပေး အရေးကိစ္စဖြစ်ကြောင်း အမေရိကန် သမ္မတထရမ့်က အဆိုပြုထားတဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ပြောဆိုလိုက်ပါတယ်။
- ရခိုင်နဲ့ ဧရာဝတီအစပ်ကို မလွဲမရှောင်သာ ခရီးစဉ်တွေကလွဲကာ မလိုအပ်ဘဲ ခရီးမသွားကြဖို့ ဗြိတိန် နိုင်ငံခြားရေး၊ ဓနဿဟာရနှင့် ဖွံ့ဖြိုးရေးဌာန (FCDO) က သူ့ နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar