ဒီကနေ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကောင်စီက သူ့လက်အောက်ခံ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကို လုပ်ပိုင်ခွင့်တွေ ပိုပေးလိုက်ပြီး စစ်မှုမထမ်းပဲ ထွက်ပြေးတဲ့သူ၊ တိမ်းရှောင်တဲ့သူ လူငယ်တွေနဲ့ စစ်ထဲမဝင်ရအောင် အားပေးသူတွေကိုထောင်ဒဏ်ချမှတ်နိုင်တဲ့ စစ်မှုထမ်းနည်းဥပဒေကိုပါ စစ်ကောင်စီက မနေ့ကပဲ ထုတ်ပြန်ကြေညာလိုက်တယ်။
- ကရင်နီပြည်နယ် ၊ လွိုင်ကော်မြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၄၂၇ တပ်ရင်းကနေ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သားသစ် ၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်တွေဆီမှာ အလင်းဝင်ရောက်လာသလို ၊ ထွက်ပြေးလာရင်းနဲ့ ဒဏ်ရာအနည်းငယ်ပါ ရလာတဲ့အတွက် တော်လှန်ရေးရဲဘော်တွေက ဆေးကုပေးပြီး စောင့်ရှောက်ပေးထားတယ်လို့ KNDF ရဲ ဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းက ရေတာရှည်မြို့နယ်၊ နှောပင် ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို PDF အမျိုးသမီး ရဲဘော်တွေကပါ ပါဝင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးက ဒဏ်ရာရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar