26 C
Yangon

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် ရေကြီး၍ မြဝတီ ရပ်ကွက်အချို့ ရေနစ်မြုပ်နေပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေ

Must read

ရန်ကုန်၊ မေ ၂၂

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် မေလ ၂၀ ရက်နေ့မှစတင်ပြီး မိုးသည်း ထန်စွာရွာသွန်းခဲ့၍ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် ရေလျှံမှုဖြစ်ပွားကာ ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ရပ်ကွက်အချို့၌ နေအိမ်များ ရေနစ်မြုပ်နေသဖြင့် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။

“သောင်ရင်း ရေတက်နေတာ၊ မြဝတီ အမှတ် ၂ သဲပုံဂိတ်မှာ ရေကြီးပြီး အိမ်ခြေ ၁၀၀ လောက် မြုပ်နေပြီ၊ အိမ်ခြေ ၁၀၀ ကျော်ချင်လည်း ကျော်မယ်။ ကယ် ဆယ်ရေးလည်း မရှိသေးဘူး၊ တချို့မြင့်တဲ့ နေရာတွေတော့ မမြုပ်သေးဘူး။ တချို့တွေကျတော့ ရေမြှုပ်ပေမယ့် မမြုပ်သေးတဲ့ အပေါ်ထပ်မှာ နေနေကြတယ်၊ တချို့တွေကျတော့ ဆွေမျိုးတွေ အသိအိမ်တွေမှာ သွားနေကြတယ်” ဟု မြဝတီ ဒေသခံတဦးက ပြောသည်။

သောင်ရင်းမြစ်နှင့် ကပ်လျက်တွင် တည်ရှိသည့် မြဝတီမြို့၏ ရပ်ကွက် ၄ ခုခန့်တွင် ရေကြီးမှု ဖြစ်ပေါ်နေပြီး အိမ်ခြေ ၁,၀၀၀ ဝန်းကျင် ရေနစ်မြုပ်နေကြောင်း သိရှိရသည်။

မြဝတီမြို့သည် နှစ်စဉ် သောင်ရင်းမြစ်ရေလျှံမှုကြောင့် ရပ်ကွက်အချို့ ရေနစ်မြုပ်လေ့ရှိပြီး လက်ရှိတွင် သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ၅ ပေခွဲခန့် ကျော်လွန်နေကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article