28 C
Yangon

ထားဝယ်မြို့အဝင်ရှိ ကမြောကင်းတံတား စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

Must read

ထားဝယ်မြို့အဝင်ရှိ ကမြောကင်းတံတား စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်ရှိ ကမြောကင်းတံတား အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း YePhyu People Defence Force – YPPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် ထားဝယ်မြို့၊ ထားဝယ်မြို့အဝင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ပြည်သူများအား ဖိနှိပ်၍ မတရား ဆက်ကြေးကောက်ခံခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးခြင်းများ လုပ်ဆောင်သော စစ်ကောင်စီ တပ်သားများကို သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ(FPF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရေး အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိ၊ သတိပြု သွားလာနေထိုင်ကြရန်နှင့် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်းများကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် တော်လှန်ရေး တပ်ဖွဲ့များက အသိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article