25 C
Yangon

ရေဦးတွင် ယခု ဇန်နဝါရီလအတွင်း ခရီးသည်တင်ကားများပေါ်မှ လူငယ် ၁၀၀ နီးပါးကို စစ်မှုထမ်းရန် စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ယခု ဇန်နဝါရီလအတွင်း ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားများပေါ်မှ လူငယ် ၁၀၀ နီးပါး စစ်မှုထမ်းရန် စစ်တပ်၏ ဖမ်းဆီးမှု ခံရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ယနေ့အချိန်အထိ ရေးဦးမြို့ပေါ် ဖြတ်သန်းသွားသည့် ခရီးသည်တင်ကားများပေါ် လိုက်ပါလာသော လူငယ် ၁၀၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ၊ နေ့စဉ် ရေဦးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရေဦးမြို့ပေါ် ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ကားများပေါ် လိုက်ပါလာသော လူငယ် ၁၀၀ နီးပါကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါ ခရီးသည် ကားများသည် ရေဦး၊ ခင်ဦး ၊ ရွှေဘို ၊ စစ်ကိုင်းနှာပေါက်၊ မန္တလေ၊ မုံရွာ၊ ဘုတလင်၊ ချောင်းဦး၊ မြင်းမူ တို့မှ ဖြစ်ပြီး လိုက်ပါလာသည့် အမျိုးသားများကို ဆွဲချဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ တစ်ရက်တာအတွင်း ခရီးသည်တင် ကားပေါ် လိုက်ပါလာသည့် လူငယ် ၁၀ ဦးကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး မိသားစုဝင်များက ငွေကြေးပေး၍ ရွေးထုတ်နိုင်သူ ၅ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ငွေကြေးမပေးနိုင်သော လူငယ်များကို ရေဦးမြို့ပေါ်ရှိ အထက ၁ ကျောင်းနှင့် အထက ၂ ကျောင်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။

“ရေဦးမြို့ထဲ ဖြတ်သန်းဝင်ရောက်တဲ့ ကားတိုင်းကို တအား အစစ်အဆေးကြမ်းနေပြီး အကုန် ပေါ်တာဆွဲ ဖမ်းဆီးနေတာ ငွေညှစ်ချင်တာလဲပါတယ်။ ပိုက်ဆံနဲ့ ရွေးထုတ်ရင် အာမခံချက် လက်မှတ်ထိုးရင် ပြန်လွှတ်ပေးတယ်လို့ သိရတယ်။ ခရီးသည်တင်ကားတွေပေါ်က လိုက်ပါလာတဲ့ ယောကျာ်းသား မှန်သမျှ ဆွဲချ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ နေ့စဥ် ပြုလုပ်နေတာ ခရီးသွားလာရင်း လမ်းပိုင်းတွေမှာ အဆွဲခံရတဲ့ လူဦးရေ တိတိကျကျ မသိရပေမယ့် ရာဂဏန်းအထိ ရှိနိုင်ပါတယ်။ ၂၆ ရက်နေ့ တစ်ရက်တည်း ကားပေါ်ကနေ ဆွဲချ ဖမ်းဆီးခံရတဲ့ လူငယ် ၁၀ ဦးကျော်လောက်ရှိတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ရေဦးမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က ငယ်ရွယ် သန်မာသော အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း၊ မြို့ပေါ် အမျိုးသား လူငယ်များမှာလည်း ဆက်လက် ထွက်ပြေး တိမ်းရှောင်နေ၍ စစ်တပ်က LGBT များကိုပါ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားကားများကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခရီးသွားကားများကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article