25 C
Yangon

ညောင်ရွှေမြို့နယ်၊ ရေပူရွာကို စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီး ၂၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ညောင်ရွှေမြို့နယ်၊ ရေပူရွာကို စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီး ၂၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ရေပူရွာကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီး ၂၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNA အဖွဲ့က ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းရှိ နန်း‌တောင်းနှင့် မိုးဦး မှနေ၍ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ရေပူကျေးရွာရှေ့ကို လက်နက်ကြီး ၁၉ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရေပူကျေးရွာထဲကို လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ပြည်သူပိုင်နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် အရပ်သား ပြည်သူများရှိသည့် နေရာများကို လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်မှုတော့မရှိပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးတည်းက လူသားမဆန်တဲ့ လုပ်ရပ်တွေ မကောင်းတဲ့လုပ်ရပ်တွေ ကို အရပ်သားပြည်သူတွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိ နေရာအနှံ့မှာ လုပ်ဆောင်နေတယ်လို့ မြင်မိပါတယ်” ဟု အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article