ရန်ကုန်၊ ဇန်နဝါရီ ၃၁
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်အချိန် KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇ ရှိ စစ်ရေးပြကွင်းအတွင်းသို့ ဒရုန်းဖြင့် ဗုံး ၂ လုံး လာရောက်ကျဲချကြောင်း၊ လူ ၁ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ရေးပြကွင်းဘေးရှိ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးကြောင်း သိရှိရသည်။
“အရင် ကရင့်တော်လှန်ရေး စစ်ရေးပြကွင်းကို ဒရုန်းနဲ့ လာကျဲတာ။ ဒရုန်း ၁ လုံးကတော့ ကွင်းထဲကျတယ်။ မြေပါတုန်တယ်။ နောက်ဗုံး ၁ လုံးကတော့ ချောင်းထဲကျတယ်။ ဒီနှစ်က ကရင့်တော်လှန်ရေး ပွဲကို မာနယ်ပလောမှာ ပြောင်းလုပ်တာမို့ တော်သေးတယ်” ဟု KNU သတင်းရင်းမြစ်က ရှင်းပြသည်။
ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးအခမ်းအနားကို မကြာသေးခင်ကမှ ပြန်လည် သိမ်းပိုက်ရရှိထားသော မာနယ်ပလောတွင် ယနေ့ နံနက်ပိုင်း ပြန်လည် ပြုလုပ်နိုင်ခဲ့ပြီး KNU စစ်ဘက်နှင့်အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar