27 C
Yangon

ဆီမီးခုံမြို့တွင် ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

ဆီမီးခုံမြို့တွင် ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့တွင် ဘေးတွဲ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ MGN က ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ဆုံရွာမှ ပျူစောထီးများသည် ဆီမီးခုံမြို့မှ ဈေးဝယ်ပြီး ဘေးတွဲ ဆိုင်ကယ်များဖြင့် ပြန်လာစဉ် ဆီမီးခုံမြို့ ရေနက်ဆိပ်ကမ်း (စစ်‌သင်္ဘောတည်ရှိရာရေတပ်စခန်း) နှင့် ဆုံရွာ အကြားရှိ ကားလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ပျူစောထီး ၄ ဦး သေဆုံးပြီး ၂ ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) နှင့် မြင်းခြံ မြောက်ပိုင်းသား ပြောက်ကျားတပ်ဖွဲ့ (MNGF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ ဆုံရွာ ပျူစောထီးရွာသည် အနီးနားရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို ခိုးဆိုးလုနိုက်ပြီး မုဒိမ်းကျင့်ဗိုလ်ကျနေသူများ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article