Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံသား ၂၇၈ ဦး မြန်မာနိုင်ငံသားအဖြစ်ကနေ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက် တယ်လို့ စစ်ကောင်စီသံရုံးက တရားဝင်ကြေညာလိုက်သလို စစ်အာဏာသိမ်းပြီးနောက် စင်ကာပူရောက် ပညာတတ်မြန်မာနိုင်ငံသားအများစုက စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလျှောက်ထားမှု များပြား နေတယ်လို့ စင်ကာပူရောက်မြန်မာတွေကပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်နဲ့ တန့်ယန်းမြို့နယ်တို့မှာ စစ်တပ်နဲ့ ချိတ်ဆက်ထားပြီး တရုတ် နိုင်ငံသားတွေ ဦးစီးတဲ့ လောင်းကစား၀ိုင်းတွေနဲ့ အွန်လိုင်းငွေလိမ်းဂိုဏ်းတချို့ ပြန်လည်ခေါင်းထောင်လာ ကာ လုပ်ငန်းတွေ ပြန်လည်လည်ပတ်နေတယ်လို့ စီးပွားရေးအသိုင်းအ၀ိုင်းနဲ့ ဒေသလူမှုကူညီရေးကွန်ရက် တချို့က ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့က အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူကုန်း ကို KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန် နေပြီး စစ်တပ်က လေကြောင်းနဲ့ ဆက်တိုက်ခုခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
