29 C
Yangon

ထားဝယ်မြစ်တွင် ဒဏ်ရာရ စစ်သားများသယ်လာသည့်စစ်တပ်၏ စက်လှေတစ်စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

Must read

ထားဝယ်မြစ်တွင် ဒဏ်ရာရ စစ်သားများသယ်လာသည့်စစ်တပ်၏ စက်လှေတစ်စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြစ်အတိုင်း တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်သားလူနာများကို သယ်လာသည့် အကြမ်း ဖက်စစ်တပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၄ ဦးသေဆုံးခဲ့ကြောင်း ထားဝယ် ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ သရက်ချောင်းမြို့နယ်၊ ပျင်ဖြူသား၊ ပျင်ဖြူကြီး တိုက်ပွဲအတွင်း ဒဏ်ရာရ စစ် သားများကို ဆင်ဖြူပြင်ဆိပ်ကမ်းမှတဆင့် ထားဝယ်မြစ်အတိုင်း ထားဝယ်မြို့သို့ သယ်လာသည့် အ ကြမ်းဖက်စစ် တပ် စက်လှေတစ်စီးကို ထားဝယ်ခရိုင်တပ်ပေါင်းစုက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း သိရသည်။

“သရက်ချောင်းမြို့နယ်ထဲက ၊ပျင်ဖြူသား၊ ပျင်ဖြူကြီး ထိတွေ့တိုက်ပွဲမှာ ဒဏ်ရာရထားတဲ့ ခွေးနာ တွေကို ဆင်ဖြူဆိပ်ကမ်းကနေ ထားဝယ်ကို ပို့တဲ့ စက်လှေပါ ၊ အင်အားကတော့ ၁၀ လောက်ပဲပါ တယ်။ ခွေးနာကတော့ အရေ အ တွက် ဘယ်လောက်ပါလဲ မသိဘူး” ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယခုအခါတွင် အကြမ်းဖက်စစ်ကောင်စီသည် ထားဝယ်ခရိုင်အတွင်း၌ ရေကြောင်းကို အဓိကထား လှုပ်ရှားသွားလာမှုများ ခပ်စိပ်စိပ်ဖြစ်လာနေသောကြောင့် ရေကြောင်းစစ်ဆင်ရေးများ ဖော်ဆောင် နိုင်ရန်အတွက် ထားဝယ်ခရိုင်တပ်ပေါင်းစုက အား ထုတ် ကြိုးပမ်းလျက်ရှိကြောင်း အသိပေးထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article